Episode 56

168 7 0
                                        

မလုပ်ကြံခံရခင် တစ်ရက်အလို

ယွန်းအာ:မယ်တော်ခေါင်ကြီးက စစ်သည်တွေ ဖမ်းခေါ်တာ ခံရတယ်တဲ့လား? ဘယ်လိုဖြစ်တာလဲ?

အွန်းလေး:ရဲ့ မနေ့ညက သန်းခေါင်ယံကြီး ဖမ်းခေါ်သွားတာပါ...ချောနားရဲ့အမိန့်ပါတဲ့...

ယွန်းအာတစ်ချက်စဉ်းစားလိုက်ပြီးနောက်

ယွန်းအာ:နောက်ဆုံးတော့ ဂျွန်ဂျောင်ကုလုပ်နိုင်ခဲ့ပြီဘဲ! ပင်ပန်းသွားခဲ့ပြီ ငါရဲ့ချောနား...

သူမပြုံးကာပြောလိုက်သော်လည်း အွန်းလေးခမျာတော့ နားမလည်နိုင်။

ယွန်းအာ:အာ..ငါတို့တစ်ချက်သွားကြည့်ရအောင်..!

အွန်းလေး:ဒဲ့?..ချောနားကိုလား...

ယွန်းအာ:အာညီး နန်းတော်အခြေအနေကို...

ယွန်းအာတစ်ယောက် လျင်လျင်မြန်မြန်ထလိုက်ခြင်းကြောင့် မူးဝေသွားရ၏။

အွန်းလေး:အိုမို...မယ်မယ်ရရဲ့လား?

သူမခေါင်းညိမ့်ပြကာ နန်းဆောင်ပြင်သို့ ထွက်လာလိုက်သည်။ မနေ့ညကမှ အဖမ်းခံရသော်လည်း နန်ူတော်ထဲတွင်တော့ ဗြောင်းဆန်နေလေပြီ။ အရာထမ်းတွေကလည်း နန်းချရန်တောင်းဆိုဖို့ ပြင်ဆင်နေကြပြီး အမတ်တွေကလည်း မယ်တော်ခေါင်ကြီးရဲ့လုပ်ရပ်တွေအကုန်ဖော်ထုတ်ဖို့ ကြိုးစားနေကြလေသည်။

အွန်းလေး:အိုက်ဂူး...နန်းတော်ထဲမှာတောင် ဒီလိုဖြစ်နေရင် နန်းတော်အပြင်မှာဆိုရင်တော့..ဟူး..မတွေးရဲစရာ။ အခုချိန်မှာ မယ်တော်ခေါင်ကြီးကို နန်းတော်ပြင်လွှတ်ပေးလိုက်ရင် ပြည်သူတွေ ဝိုင်းဆွဲဖဲ့တာနဲ့ သေလောက်ပြီ။ အဲ့တာ ဝဋ်လည်တာ..ငါတို့မယ်မယ်ကို မတရားစွပ်စွဲခဲ့လို့..ကောင်းဒယ်... ဟုတယ်နော် မယ်မယ်...

အထိန်းတော်အို:အိုဟိုး...ဂိုအွန်း..ဒီလိုကြမ်းကြုတ်တာတွေ ဘယ်ကသင်တာလဲ? အဲ့လိုမပြောရဘူး!...သူ့ထိုက်သူ့ကံလို့ ပြောရတယ်...

My Queen (ကျွန်တော်ရဲ့မိဖုရား)Место, где живут истории. Откройте их для себя