episode 11

534 78 43
                                    

ဂျောင်ကုဟာ မယ်တော်ခေါင်ကြီးဆီကို ရောက်လာပြီး မီနာအား ကိုယ်လုပ်တော် တင်မြှောက်ဖို့ လာဆွေးနွေးတော့သည်။

မယ်တော်ခေါင်ကြီး:မြောင်မီနာကို ကိုယ်လုပ်တော်ပြန်တင်မြှောက်ဖို့ ကိစ္စက အရမ်းအလျင်လိုနေတယ်လို့ မထင်ဝူးလား ချောနား။

ဂျောင်ကု:အခုမှ ကိုယ်လုပ်တော် စခန့်မှာမှ မဟုတ်တာ။ သူမက အရင်ကတည်းက ငါကိုယ်တော်ရဲ့ ကိုယ်လုပ်တော်ပဲ။ နန်းတွင်းမှာ ဖြစ်သွားခဲ့တဲ့ ကိစ္စတွေကြောင့် နေရာကနေ ခဏဆင်းလိုက်ရုံပါ။ အခုပြန်ခန့်တာ ဘာမှပြဿနာ မရှိလောက်ပါဘူး။

မယ်တော်ခေါင်ကြီး:ကိုယ့်စကားနဲ့ ကိုယ်တော့ ဟုတ်နေတာပဲ။ ဒါဆိုရင် မြောင်မီနာကို နောက်အပတ်ထဲ ကိုယ်လုပ်တော် တင်မြောက်ပွဲ လုပ်ကြတာပေါ့။

တဖက်တွင်တော့

မင်အာတစ်ယောက်ကတော့ သူကိုယ်တိုင် webtoonကို ထိန်းချုပ်နေမှန်း မသိပဲ တွေးချင်ရာတွေ တွေးနေတော့သည်။

မင်အာpov:
'webtoonထဲကို အချိန်ပြောင်းလဲမှုကြောင့် ရောက်ရှိသွားခြင်း' အဲ့လို ဇာတ်ကြောင်းနဲ့ kdramaတစ်ခုလောက်တောင် မရှိဝူးလား။ စဥ်းစားစမ်း ငါကြည့်ဖူးတဲ့ ကိုရီးယားကားတွေထဲ webtoonနဲ့ ပက်သက်တာ ဘာရှိလဲ။ True beauty ရား အဲ့တာက webtoonကို ဇာတ်လမ်းပြန်ရိုက်တာ သက်သက်ပဲ။ ဒါဆို နောက်ရော Extraordinary you ဟုတယ် အဲ့ဒါပဲ နေပါအုံး အဲ့ထဲမှာကျ စာရေးဆရာ ဆွဲလိုက်ရင် ကိုယ်လုပ်ချင်တာ လုပ်လို့မရတော့ဝူး။ စာရေးဆရာဆွဲသလို ကိုယ်က လိုက်ဖြစ်နေတာ။ ဒါမဲ့ ငါကျတော့ ဘာလို့ ဘာမှမဖြစ်ရတာလဲ။ ရောက်လာတဲ့နေ့ကနေ ဒီနေ့ထိ အကုန်ငါ့သဘောနဲ့ချည်း လုပ်ချင်တာတွေလုပ်ခဲ့တာ ဘာမှမဖြစ်ပါလား။ ဧကန ငါလုပ်တဲ့ဟာတွေက စာရေးဆရာ ဆွဲတဲ့ဟာတွေများဖြစ်နေတာလား။

မင်အာတစ်ယောက် တွေးနေရင်းကနေ မတ်တပ်ကောက်ရပ်လိုက်သည်။

မင်အာpov:
မဟုတ်လောက်ဘူး။ ငါအခု ကိုယ်သဘောနဲ့ ကိုယ် မတ်တပ်ရပ်လိုက်တာပဲဟာ။ ဧကန ဒါကိုရော သူဆွဲနေတာလား။

အမြန်ပဲ ပြန်ထိုင်လိုက်ပြီး ပြန်ရပ်လိုက်ပြန်သည်။

မင်အာ:ရား စိတ်ရှုပ်လွန်းလို့ ရူးတော့မှာပဲ။ ဂင်နမ်ဂျွန်းရှီ ကျမကို ဘာလို့ ဒီထဲ ထည့်ဆွဲရတာလဲ။ ကိုယ့်ဟာကိုတောင် ကံမကောင်းတဲ့ဟာ ပိုကံဆိုးအောင် လုပ်နေတာပဲ။ အား သေချင်လိုက်တာ။

My Queen (ကျွန်တော်ရဲ့မိဖုရား)Where stories live. Discover now