မနက်မိုးသောက်တော့ သုံးယောက်သား နန်းတော်ကိုခရီးပြန်ဆက်လာတော့သည်။ အပြန်မှာတော့ မင်အာတစ်ယောက် ထယ်ယောင်းမြင်းနဲ့အတူ လိုက်လာခဲ့တော့သည်။
မင်အာ:ဟူး....ကိုက်ခဲနေတာပဲ။ ဒီရောက်ပြီးကတည်းက ဖဲမွေ့ရာနဲ့ပဲအိပ်လာလို့လားမသိဘူး။ ကျွတ်..ကျွတ်။
ထယ်ယောင်း:မယ်မယ် ပင်ပန်းနေရောပေါ့။ မကြာခင် နန်းတော်ကိုရောက်တော့မှာပါ။ ခဏလေးပဲစောင့်ပါ။ အာ..ဒါနဲ့ မနေ့ညက မယ်မယ်အဆောရီးအိပ်သွားတာ ညစာတောင်မစားလိုက်ဘူး။
မင်အာ:အွန်း...အဲ့တာက...
ထယ်ယောင်းဒီလိုပြောလိုက်တော့ မနေ့ညက သူမရှက်တာနဲ့ ညစာမစားလိုက်ရတာကို ပြန်သတိရသွားတော့သည်။ ပြုံးစိစိဖြစ်နေသောအကိုဖြစ်သူမျက်နှာတွေ့ပြီးနောက် သူမအကြီးအကျယ်လန့်သွားကာ သူမပါးစပ်ကိုလက်နဲ့အုပ်လိုက်မိသည်။
မင်အာ:ဆောလ်မာန်.....အိုရာဘိုညီး မြင်လိုက်တာလား?.....
ထယ်ယောင်းတစ်ယောက် ပြုံးရင်း
ထယ်ယောင်း:မမြင်ပါဘူး။ မြင်လည်းဘာဖြစ်လဲ မယ်မယ်နဲ့ချောနားနဲ့က လက်ထပ်ထားတဲ့လူတွေပဲလေ။ ဟဟ
မင်အာ:မြင်လိုက်တာပဲ....အာ...ရှက်လိုက်တာ။ အော့သွပ်ခဲ.....
မင်အာတစ်ယောက် တစ်လမ်းလုံး မျက်နှာကို ပါလာတဲ့ခြုံထည်နဲ့အုပ်ရင်း လိုက်လာခဲ့တော့သည်။
ဒီလိုနဲ့ နန်းတော်ကိုရောက်ချိန်မှာတော့
ဂျောင်ကု:မိဖုရား ပင်ပန်းလာရောပေါ့။ အထိန်းတော်အို မိဖုရားကို သေသေချာချာ ဂရုစိုက်လိုက်ပါ။
အထိန်းတော်အို:ရဲ့...ချောနား။
သူတို့နန်းတော်ကိုပြန်ရောက်ချိန်မှာဘဲ ယွန်းဂီတစ်ယောက် ဂျောင်ကုဆီအလောတကြီးရောက်လာတော့သည်။
ယွန်းဂီ:ချောနား...တင်ပြစရာရှိပါတယ်။
ဂျောင်ကု:အွန်း ကောင်းပြီ။ နန်းဆောင်ကိုသွားကြတာပေါ့။
မနက်ကတည်းက ဘာမှမဖြစ်သလို ပြုမူနေတဲ့ဂျောင်ကုကို ကြည့်ပြီး မင်အာတစ်ယောက် ပိုရှက်လာတော့သည်။ ဂျောင်ကုများ မေ့နေတာလားဆိုသည့်အထင်နှင့်..
VOUS LISEZ
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
