Episode 31💞

471 51 8
                                        

အလင်းရောင်မှိန်မှိန်လေးနှင့် အနွေးဓာတ်ရှိနေသော စာကြည့်ဆောင်ထဲတွင် စာအုပ်တစ်အုပ်ကိုရေးနေသော ဂျောင်ကု။ ငယ်ငယ်ကတည်းက စာပေကိုဆရာသခင်ကြီးတွေဆီမှာ အထူးကြပ်မတ်သင်ယူခဲ့တာကြောင့် ဂျောင်ကုရဲ့ရေးသားမှုတွေဟာ ပြောင်မြောက်လှသည်။ အကျီလက်စလေးကို မြှောက်ကာ လက်သွယ်သွယ်လေးတွေနဲ့ စုပ်တံကိုကိုင်ပြီး စာရေးနေသော ဂျောင်ကုရဲ့ပုံရိပ်ဟာ ဂျိုဆွန်းကလူတိုင်းမှင်သက်မိစေမှာအမှန်။

စာရေးနေရင်း ရုတ်တရက်ထပြုံးလိုက်သော ဂျောင်ကုကြောင့် ဘေးနားက ရပ်စောင့်နေသော မိန်းမစိုးဂင်တစ်ယောက် စကားစလိုက်သည်။

မိန်းမစိုးဂင်:ချောနား...မယ်မယ်အ​ကြောင်းရေးနေတာပါလား။

ဂျောင်ကု:အော်...အွန်း။ မောင်မင်းကဘယ်လိုသိသလဲ။

ဂျောင်ကုပြုံးရင်းပြန်ဖြေကြားလိုက်သည်။

မိန်းမစိုးဂင်:မင်းကြီးကတစ်ချိန်လုံး ပြုံးနေခဲ့တာပါ။ ဒါကိုကြည့်ခြင်းဖြင့် မိန်းကလေးတစ်ယောက် အကြောင်းစဥ်းစားနေတယ်ဆိုတာသိနိုင်ပါတယ်။

ဂျောင်ကု:ဟဟ ကိုယ်တော်က တချိန်လုံး ပြုံးနေမိတယ်တဲ့လား.......မိဖုရားက ကိုယ်တော်အတွက် ထူးခြားတဲ့သူပဲ။ ကိုယ်တော်ကို အရူးတစ်ယောက်လို ပြုံးစေနိုင်သလို အရှုံးသမားတစ်ယောက်လိုလဲငိုကြွေးစေတယ်။ နေ့စဥ်နဲ့အမျှ ပြောင်းလဲလာတဲ့ မိဖုရားရဲ့ပုံစံက ကိုယ်တော်ကိုစိတ်ကျေနပ်စေတယ်။ မိဖုရားရဲ့ အပြုအမူ၊အပြောအဆိုနဲ့နေထိုင်ပုံတွေက အရင်ကမိဖုရားမဟုတ်တဲ့ တခြားသူတစ်ယောက်လို ထူးထူးဆန်းဆန်းတွေ ပြုမူနေပေမဲ့ ကိုယ်တော်တော့ သဘောကျမိတယ်။ ဟဟ...

ပြော​ပြောဆိုဆိုနဲ့ဘဲ သူနောက်တစ်ကြိမ်ထပ်ရယ်မိသည်။ သူ့ခေါင်းထဲ၌ ယွန်းအာက အပြည့်နေရာယူထားလေသည်။

မိန်းမစိုးဂင်:အို...ချောနား အပြင်မှာနှင်းတွေကျနေတာပဲ။ ဒါကဂျိုဆွန်းမှာ ပထမဆုံး နှင်းကျတာမဟုတ်ပါလား။

မိန်းမစိုးဂင်ပြောတဲ့အတိုင်း ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ နှင်းတွေဖွေးဖွေးကျအောင် ကျနေပါပြီ။

My Queen (ကျွန်တော်ရဲ့မိဖုရား)Место, где живут истории. Откройте их для себя