ဂျောင်ကုpov;
ကိုယ် နာကျင်မှုကို အလူးအလဲခံစားပြီး သတိရလာချိန်မှာတော့ ကိုယ်က အိမ်တစ်အိမ်ထဲမှာ ရှိနေခဲ့တယ်။
ဟိုဆော့:နိုးပါပြီလား ချောနား...
ထိုတစ်ခါမှမမြင်ဖူးတဲ့သူက ကိုယ့်ရဲ့ဘေးမှာ ခစားနေပြီးတော့ ကိုယ့်ကိုပြုစုပေးနေလေရဲ့...ကိုယ်ထထိုင်လိုက်ပြီး
ဂျောင်ကု:အား..ကျစ်..ကျစ်...ကျတော်ဘယ်ကိုရောက်နေတာလဲ?
ဟိုဆော့:နွန်းဂိုရွာမှာပါ ချောနား...
နွန်းဂိုရွာတဲ့? ဒါဆို ဟန်ယန်းကနေ အတော်ကိုဝေးလံခေါင်ပါးတဲ့နေရာမှာ ကိုယ်ရောက်နေခဲ့ပြီ။ ဘယ်လိုဖြစ်ရတာလဲ? ရေစီးကြောင်းနဲ့များ မျောပါလာတာလား? ဒါမှမဟုတ် ပြန်ပေးဆွဲခံရတာလား? မေးခွန်းများစွာက ခေါင်ရထဲမှာ ပြည့်နှက်နေခဲ့တယ်။ ကိုယ်အတွေးတွေနဲ့ တိုက်ခိုက်နေတုန်း တုတ်ကောက်နဲ့ အသက်၅၀သခင်ကြီးတစ်ယောက်ရောက်ရှိလာခဲ့တယ်။
"ချောနား...သတိရလာပါပြီလား? အိုက်ဂူး...တော်ပါသေးတယ်...ကျတော်တို့တွေ ဘုရင်တစ်ပါးကိုဆုံးရှုံးရတော့မို့"
ဂျောင်ကု:ကျတော့်ကိုသိကြတာလား? ဟန်ယန်းမှာတောင် ကျတော့်မျက်နှာက မြင်ဖို့ခဲယဉ်းလို့ ဘယ်သူမှမသိတာကို ဒီနွန်းဂိုရွာက..ရွာသားတွေက ကျနော်ဘုရင်ဆိုတာကို သိနေကြတာလား?
ထိုလူကြီးက တည်တည်ငြိမ်ငြိမ်နှင့်ခေါင်းညိမ့်ပြသည်။
"ကျနော်တို့က နွန်းဂိုရွာဇာတိဟုတ်ပေမဲ့ ဟန်ယန်းအနီးကပါဘဲ။ ပြီးတော့ ကျနော်မျိုးက ဆရာယွီရဲ့ အပေါင်းအပါတစ်ဦးပါ...ကျနော်မျိုးတို့နွန်းဂိုရွာသားတွေကလည်း ဟန်ယန်းကိုတက်လာပြီး ချောနားကိုတစ်ထောင့်တစ်နေရာက ကူညီပေးနေခဲ့တာပါ"
ထိုသခင်ကြီးရှင်းပြမှအခြေအနေတွေကို ကိုယ်နားလည်တော့တယ်။ ဒီတော့ ဒီကလူတွေအားလုံးကလည်း ကိုယ့်ဘက်ကလူတွေဘဲ။
ဂျောင်ကု:နားလည်ပါပြီ...ဒါနဲ့ဘာလို့ ကျနော်က နွန်းဂိုရွာကိုရောက်နေရတာလဲ? မှတ်မိသလောက် ဟန်ယန်းမြို့ထွက်က တောထဲမှာ လုပ်ကြံခံခဲ့ရတာပါ။
YOU ARE READING
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
