Episode 36

240 41 4
                                    

မေ့လဲသွားသော ယွန်းအာကို ဆော့ဂျင်ကပဲ ပွေ့ချီကာ နန်းဆောင်သို့ လိုက်ပို့ပေးခဲ့ရသည်။ နန်းဆောင်အရောက် အထိန်းတော်အိုနဲ့ အွန်းလေးတို့က သမားတော်ခေါ်ကာ ယွန်းအာကို ပြုစုပေးခဲ့ကြသည်။

သမားတော်ကြီး:မယ်မယ်က အားနည်းနေလို့ သတိမေ့သွားရုံပါ။ အဖျားဓာတ်လဲ ရှိနေပါတယ်။ မယ်မယ်ပြန်ပြီး နလန်ထူလာအောင် သေချာစောင့်ရှောက်မှ ဖြစ်ပါ့မယ်။ ကျတော်ဒီမှာ မယ်မယ်အတွက် ဆေးတွေထားခဲ့ပေးပါတယ်။

အထိန်းတော်အို:ရဲ့...သမားတော်ကြီး။ အွန်းလေးသမားတော်ကြီးကို ပြန်လိုက်ပို့လိုက်ပါ။

အွန်းလေး:ရဲ့ အထိန်းတော်အို။

ညီမဖြစ်သူရဲ့ နောက်ဆုံးအချိန်ကို မကြည့်ရက်တဲ့ ထယ်ယောင်းတစ်ယောက် ယွန်းအာတစ်ခုခုဖြစ်သွားပြီဆိုသည့်အတွေးနှင့် အဆောင်ထဲတွင် အရက်ထိုင်သောက်နေခဲ့သည်။ သူ့မျက်စိထဲမှ သူ့ညီမရဲ့ ပုံရိပ်များက အခုထိမပျောက်ကွယ်နိုင်။

ထယ်ယောင်း:ယွန်းအာရာ.. နောက်တခါ......နောက်တခါ ကိုယ့်ညီမလေးအဖြစ် ထပ်မွေးဖွားလာခဲ့ရင် အဲ့ချိန်ကျ ဒီလိုအဖြစ်ဆိုးတွေနဲ့ မကြုံရအောင် အကိုတကယ်ကာကွယ်ပေးပါ့မယ်။ ကတိပေးပါတယ်။

သူရှေ့မှအရက်ခွက်သောက်ရင်း ငိုကြွေးစွာ ပြောနေမိသည်။ ထိုအချိန် ထယ်ယောင်းဆီသို့ တပ်သားတစ်ယောက်ရောက်လာခဲ့သည်။

"ကိုယ်ရံတော်ဂင်...ကိုယ်ရံတော်ဂင် မယ်မယ်လေ... မယ်မယ် နန်းမချခံရဘူး။ မင်းကြီးကအသနားခံလိုက်တာ။ မယ်မယ် နန်းမချခံရတော့ဘူးတဲ့။"

ထိုစကားကိုကြားလိုက်ချိန် သူနား​တောင် သူမယုံနိုင်။ သူချက်ချင်းပဲ ယွန်းအာနန်းဆောင်သို့ ထွက်လာခဲ့တော့သည်။ ထိုအချိန် အိပ်ရာထဲတွင်လဲနေပြီး အွန်းလေးတို့က ရေတဘက်တိုက်ပေးနေရသော ယွန်းအာကို မြင်မြင်ချင်း သူမဘေးတွင်ထိုင်လိုက်ကာ သူမလက်လေးကို ကိုင်လိုက်သည်။

ထယ်ယောင်း:တော်ပါသေးရဲ့။ ယွန်းရယ်..တကယ်ကို တော်ပါသေးတယ်။ ယွန်းတခုခုဖြစ်သွားပြီထင်နေတာ။

အွန်းလေး:ရဲ့..ချောနားသာ မယ်မယ်အတွက် မယ်တော်ခေါင်ကြီးဆီမှာ အသနားမခံခဲ့ရင် အခုချိန် အွန်းလေးတို့မယ်မယ် ဘာဖြစ်နေမလဲဆိုတာ တွေးတောင်မတွေးရဲဘူး။ မိုးကောင်းကင်နတ်မင်း မယ်မယ်ကိုစောင့်ရှောက်လို့ပေါ့။  မယ်မယ်ရယ်....

My Queen (ကျွန်တော်ရဲ့မိဖုရား)Onde histórias criam vida. Descubra agora