မီနာ:ချောနားကိုမတွေ့ရတာတောင်ကြာပြီ။ မင်းကြီးကို သတိရလိုက်တာ
ဗြော:မယ်မယ်က မင်းကြီးကိုသတိရလို့လား။ ဒါဆို ကျတော်မျိုးမတို့ မင်းကြီးကို သွားတွေ့ကြမယ်လေ။
မီနာ:အွန်း သွားကြရအောင် အာ..ခဏ
မီနာထိုသို့ပြောရင်း ဘေးကအံဆွဲလေးထဲမှ လက်ကိုင်ပုဝါလေးတစ်ခုထုတ်လိုက်သည်။
ဗြော:အို...မက်မွန်ပန်း ထိုးထားတဲ့လက်ကိုင်ပုဝါ လေးဘဲ။ မယ်မယ်ကိုယ်တိုင်ထိုးတာလား။
မီနာ:အွန်း လှရဲ့လား...
ဗြော:လှတာပေါ့ မယ်မယ်ရယ် မယ်မယ်ကသိပ်တော်တာပဲ။ မင်းကြီးတော့ ဒီလက်ကိုင်ပုဝါလေးကိုကြည့်ပြီး မယ်မယ်ကို အချစ်တွေပိုတော့မှာဘဲ။
မီနာ:ဟဟ ငါတို်ဗြောကတော့ တော်တော်စကားတတ်တာပဲ။ လာသွားကြရအောင်။
မီနာတို့ထိုသို့ပင် ဂျောင်ကုရှိရာသို့ထွက်လာခဲ့တော့သည်။ တစ်ဖက်တွင်
ယွန်းဂီ:အော်...သတင်းပေးဟွမ်..မင်းကြီးနဲ့လာတွေ့တာပါလား။
ဟွမ်:အွန်း ဟုတယ်။ ယွန်းဂီရာ ချောနားကိုတွေ့မိသေးလား။
ယွန်းဂီ:ခုနကတော့ မိဖုရားဆောင်ဘက်သွားတာတွေ့မိတယ်။ အဲ့မှာရှိလောက်တယ်။
ဟွမ်:အွန်း ငါသွားလိုက်အုံးမယ်။ ငါချောနားကိုအရေးကြီးပြောစရာရှိလို့။
ဟွမ်တစ်ယောက် ဒီလိုနဲ့ ဂျောင်ကုရှိရာကိုထွက်လာခဲ့တော့သည်။ ထိုနေရာ၌ ဂျောင်ကုဟာ ယွန်းအာလက်ကို ကိုင်ထားတာကို မီနာအပါအဝင် ဟွမ်လဲတွေ့သွားခဲ့တော့သည်။
မီနာတစ်ယောက် ဒါကိုမြင်တော့ ရင်ထဲစို့နစ်စွာ ခံစားလိုက်ရပြီး မျက်ရည်တွေကျလာခဲ့တော့သည်။ သူမနေရာမှပြန်ထွက်သွားမယ်အလုပ် သူမရဲ့အနောက်မှာ ရှိနေတဲ့ဟွမ်နဲ့ဆုံတော့သည်။
မီနာ:အာ...သခင်လေးဟွမ်
ဟွမ်:အရိုအသေပြုပါတယ်။ ကိုယ်လုပ်တော် မယ်မယ်...
VOCÊ ESTÁ LENDO
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanficကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
