episode 3

707 90 12
                                        

မင်အာတစ်ယောက် တညလုံးမအိပ်ပဲ ငိူနေတာကြောင့် မျက်လူံးမှာ ပန်ဒါတစ်ဝက် ယုန်တစ်ဝက်ဖြစ်နေသည်။

နန်တွင်းသူအွန်း:မယ်မယ်...နိုးနေပါပြီလား။ ဒီမှာပါ မယ်မယ် မျက်နှာသစ်ဖို့။

အထိန်းတော်အို:မယ်မယ် မနေ့ညက တညလုံး မအိပ်ပျော်ပါဘူးလား။ မျက်လုံးတွေက ညိုမဲနေတာပဲ။

မင်အာ:ဘာ..ဒီလိုဖြစ်ထားတာကို ကျွန်မက အိပ်ပျော်ရမယ်တဲ့လား။ ဟူး....ခေါင်းကိုက်လိုက်တာ။ ကျွန်မ ပြန်အိပ်လိုက်အုံးမယ်။

အထိန်းတော်အို:ရဲ့...မားမား။

အထိန်းတော်ကြီးနဲ့ နန်းတွင်းသူတွေလဲ ပြန်ထွက်သွားကြတော့တာပေါ့။

မင်အာ:ဒါက ငါရဲ့အရင်ဘဝနဲ့တူတယ်။ တကယ်ပဲ ငါဒီလိုကြီး နေနေရတော့မှာလား။ ဂျိုဆွန်းဆို ဂျိုဆွန်းစာတောင် မဖတ်တတ်တဲ့ငါက ဂျိုဆွန်းမှာ နေရမယ်တဲ့လား။ ဒါကလဲ နန်းတွင်းမှာလေ။ နန်းတွင်းဆိုလို့ နန်းတွင်းဇာတ်လမ်းတွဲတွေတောင် ဇာတ်ရှုပ်လွန်းလို့ မကြည့်တဲ့ငါက နန်းတွင်းမှာ နေရမှာတဲ့လား။ အဲ့အစားသေသွားလိုက်ပါတော့။ဒါနဲ့....ငါက နန်းတွင်းမှာ ဘယ်လိုရာထူးပါလိမ့်။...ဟူး...ခေါင်းကိုက်တယ်။ မစဥ်းစားတော့ဝူး။ အိပ်တော့မယ်။

မင်အာလဲ ဘာမှမစဥ်းစားတော့ပဲ အိပ်လိုက်တော့တယ်။ သူမအိပ်ရာကနိုးတော့ အထိန်းတော်ကြီးနဲ့အတူ တော်ဝင်သမားတော်ကြီး ရောက်လာပြီး မင်အာ ကျန်းမာရေးကို လာစစ်ကြတော့သည်။

သမားတော်ကြီး:မားမားရဲ့ ကျန်းမာရေးက လုံးလုံးကောင်းတာ မဟုတ်ပေမဲ့ တော်တော်ကောင်းနေပါပြီ။ ဒါမဲ့ မားမား ကို အားရှိလာအောင်တော့ အားရှိတဲ့အစားအစာတွေ ကျွေးရမယ်။

အထိန်းတော်အို:မယ်မယ်က သတိရလာပြီး နောက်တကြိမ် မေ့လဲ သွားဖူးပါတယ်။ အဲ့ဒါကရော ဘာကနေမကောင်းလို့ပါလဲ။

သမားတော်ကြီး:အဲ့ဒါက အားနည်းနေလို့ပါ။ အားဖြစ်အောင် အစားအစာများများ ကျွေးပေးပါ။

သမားတော်ကြီးလဲ ဒီလိုပြောပြီး ထွက်သွားတော့သည်။ မင်အာကတော့ တချိန်လုံး စိတ်ကုန်လက်ပမ်းကျတဲ့ပုံစံအတိုင်းရှိနေတော့သည်။ ဘယ်မှလဲမသွား မိဖုရားဆောင်ထဲမှာ ဒီတိုင်းကြီးထိုင်နေတာပေါ့။ ညရောက်တော့ ပြတင်းပေါက်ကိုဖွင့်ကာ လမင်းကြီးကို ငေးကြည့်နေတော့သည်။

My Queen (ကျွန်တော်ရဲ့မိဖုရား)Où les histoires vivent. Découvrez maintenant