မင်အာတစ်ယောက် သတိရလာရော အရင်ဆုံးတွေးမိတာက သူမရဲ့အမေအိမ်များ ရောက်နေပြီလားပေါ့။ ဒါနဲ့ပဲ ချက်ချင်း ထထိုင်လိုက်တော့သည်။
အထိန်းတော်အို:မယ်မယ် သတိရလာပါပြီလား။
အွန်းလေး: စိတ်ပူနေရတာ။ အဲ့ဒါ အွန်းလေးအပြစ်တွေပါ။ အွန်းလေးသာ မယ်မယ်နောက်ကို အမှီလိုက်လာနိုင်ခဲ့ရင် ဒီလိုမျိုး ဖြစ်မှာ မဟုတ်ပါဘူး။ အဟီးးးးး...အဟင့်
မင်အာ:ငိုတာတွေခဏထားအုံး။ အခု ငါ ဘယ်မှာလဲ။ ငါ့အမေအိမ်ရောက်နေပြီလား။
အထိန်းတော်အို:မရောက်ပါဘူး။ အခု နန်းတွင်းပြန်ရောက်နေပါပြီ။ မယ်မယ် လမ်းမှာ မင်းကြီးနဲ့တွေ့ပြီး....
မင်အာ:ဘာ! မင်းကြီး? ဒါဆို ငါ့ကို မြင်းပေါ်ဆွဲခေါ်တင်လာတဲ့သူက မင်းကြီးဆိုတဲ့အကောင်ပေါ့။ ဒီလောက် အမေ့အိမ်နဲ့နီးနေတာကို ဒီနန်းတွင်းကို ပြန်ခေါ်လာတယ်ပေါ့။ တောက်...ငါနဲ့တော့ တွေ့ကြသေးတာပေါ့။ အဲ့မင်းကြီးဆိုတဲ့သူ အခု ဘယ်မှာလဲ။
အထိန်းတော်အို:ဘုရင်နားနေဆောင် မှာ ရှိမှာပါ။ ဒါမဲ့ မယ်မယ်....
မင်အာဟာ အထိန်းတော်အိုစကားကို ဆုံးအောင်တောင် နားမထောင်ပဲ ဂျောင်ကုရှိတဲ့နေရာသို့ သွားတော့သည်။ ထိုရောက်တော့ ဂျောင်ကုက ဝရံတာလေးနားမှာ လေညှင်းခံနေတာပေါ့။ ဒါကိုတွေ့တာနဲ့....
အထိန်းတော်အို:မင်းကြီး အရိုအသေပြုပါတယ်။
မင်အာ:မင်းကြီး!!!!! မိဖုရားတစ်ယောက်လုံး ဒီလို သတိလစ်နေတာကို သူကတော့ လေညှင်းခံလို့ကောင်းတုန်း။ အဲ့ဒါထားပါ။ ဒီလောက် ကျွန်မအမေအိမ်နဲ့ နီးနေတာကို ဘာလို့ အိမ်ကိုပို့မပေးဘဲ နန်းတွင်းကို ပြန်ခေါ်လာရတာလဲ။
မင်အာဟာ သူပြောချင်တာ ပြောနေပြီး ဂျောင်ကု ပြန်ဖြေဖို့ အချိန်တောင်မပေးဝူးပေါ့။ မင်အာသတိမထားမိတာက ဂျောင်ကုဘေးမှာ သူအကို ထယ်ယောင်းရပ်နေတာကိုပေါ့။ ထယ်ယောင်းဟာ ဂျောင်ကုရဲ့ ညာလက်ရုံးစစ်သည်ပါ။ အခုလဲ ဂျောင်ကုနဲ့အတူမှ နန်းတွင်းကို ပြန်လာရတာပေါ့။ ထယ်ယောင်းဟာ သူ့ညီမကို ကျန်းကျန်းမာမာနဲ့ တွေ့တာနဲ့အရမ်းဝမ်းသာသွားပေမဲ့ မင်းကြီးရှိနေတာကြောင့် ဘာမှမလုပ်ရဲ။
ESTÁS LEYENDO
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanficကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...