Episode 26

380 51 12
                                    

From Episode 10,

မင်အာအိပ်မက်ထဲသို့ ယွန်းအာရောက်ရှိလာခဲ့တယ်။

ယွန်းအာ:ငါတောင်းပန်ပါတယ် ငါ့အစားနင်ဒီထဲမှာ ပိတ်မိနေခဲ့လို့။ ငါသူရဲဘောကြောင် မိသွားတယ်။ နင့်ကိုချစ်တဲ့လူတွေ နင့်ကိူစောင့်နေကြတယ်။ နင့်ဘဝနင်ပြန်သွားလိုက်ပါ။ ငါနင့်ကိုဆွဲမထားတေ့ာပါဘူး။

ယွန်းအာတစ်ယောက် မင်အာပါးစပ်ထဲမှ မှော်ဖန်လုံးကို ပြန်ယူလိုက်သည်။ မင်အာကိုယ်ထဲမှ ပြန်ယူလိုက်တာကြောင့် ယွန်းအာရဲ့မှတ်ဥာဏ်တွေပျောက်ဆုံးသွားပြီး မင်အာရဲ့ မှတ်ဥာဏ်တွေပဲ ကျန်ခဲ့တော့သည်။

~~~

မင်အာတစ်ယောက် အပြန်လမ်းတွင်တော့ ခုနက နမ်ဂျွန်းပြောလိုက်သည့်စကားတွေကိုပြန်ကြားယောင်မိနေတော့သည်။

မင်အာpov:
မကောင်းဆိုးဝါး! ဘာလား ငါကသရဲဝင်ပူးနေတယ်လို့ သူပြောတာလား မဖြစ်နိုင်တာ ဟူး..ရူးတော့မှာဘဲ။ နေပါအုံး ငါဒီလိုအဖြစ်မျိုးကို dramaတွေထဲ ကြည့်ဖူးပါတယ်။ ဘာပါလိမ့်.....

မင်အာ:DID!(စရိုက်ကွဲခြင်း) ချာဒိုဟွမ်း?(HESမှ ဇာတ်ကောင်) ဟာ...မဖြစ်နိုင်တာ။ ငါဟာကအဲ့လောက် မရိုးရှင်းပါဘူး။ ငါကိုရူးအောင်လုပ်မနေကြဘဲ အသေသာ သတ်လိုက်ကြပါတော့ဟ...ရှီး~~

ဆော့ဂျင်:ဘာဖြစ်လို့ပါလဲ။ မယ်မယ် နတ်ဝင်သည်ဂင်က ဘာပြောလိုက်လို့လဲ။...

မင်အာ:မိုလာ...သူလဲဘာတွေပြောနေမှန်းမသိဘူး။ ငါလဲဘာတွေဖြစ်နေမှန်းမသိဘူး။ ဟူး....ရူးချင်တာပဲ သိတယ်။

မင်အာတစ်ယောက် စိတ်ပျက်လက်ပျက်နှင့်ပဲ နန်းတော်ကိုပြန်လာတော့သည်။

အထိန်းတော်အို:ဘယ်တွေထပ်သွားပြန်ရတာလဲ။ မယ်မယ် ကျတော်မျိုးမစိတ်ပူနေခဲ့တာပါ။ မိဖုရားတစ်ယောက်က ဒီလိုမျိုး လက်လွတ်စပယ် နန်းပြင်ကိုထွက်တာ မသင့်တော့ပါဘူးမယ်မယ်..

အွန်းလေး:ဟုပါတယ်။ မယ်မယ် ဘယ်တွေလျှောက်သွားနေရတာလဲ။

မင်အာကတော့ အထိန်းတော်အိုတို့ပြောသံတွေကိုမကြားနိုင်။ သူမအိပ်ယာပေါ်လှဲလိုက်ကာ..

My Queen (ကျွန်တော်ရဲ့မိဖုရား)Where stories live. Discover now