Episode 43

164 14 4
                                    

ဆော့ဂျင်တစ်ယောက် မယ်တော်ခေါင်ကြီးနန်းဆောင်မှဘာမှမဖြစ်ခဲ့သလို မိမိနန်းဆောင်ကိုပြန်လာခဲ့သည်။ သူ့ကိုစောင့်ကြိုနေတဲ့ မိန်းမစိုးဂင် ထယ်ယောင်းနဲ့အတူ နန်းတွင်းသူလေးတွေက နန်းဆောင်ရှေ့မှာ မတ်တပ်အရပ်သား။

မိန်းမစိုးဂင်:ချောနား ညီလာခံ ပြန်ခေါ်ခိုင်းလိုက်ရမလား?

ဆော့ဂျင်:တော်ပြီ ငါဒီနေ့တော့ ဒီလောက်ဘဲ။ နားချင်ပြီ။

မိန်းမစိုးဂင်:အမိန့်တော်အတိုင်းပါ ချောနား...

ထိုသို့ပြောပြီးနောက် သူနန်းဆောင်ထဲကိုဝင်သွားသည်။

မိုးလင်းပါပြီဆိုကတည်းက မျက်နှာသစ်တာကစလို့ နောက်ဆုံးအိပ်ဖို့ပြင်ဆင်ပေးတာအဆုံး ဆော့ဂျင်ရဲ့ဝေယာဝိစ္စအကုန်လုံးကို နန်းတွင်းသူလေးတွေက ယုယုယယပြုလုပ်ပေးကြသည်။ တစ်နေ့လုံးလည်း သူဘယ်နေရာသွားသွား အနောက်မှလိုက်စောင့်ရှောက်ပေးပြန်သည်။ နေပူထဲသွားရင်တောင် နေရောင်မထိရလေအောင် ထီးဖြင့် လိုက် ကာကွယ်စောင့်ရှောက်ပေးကြသည်။ မှောင်ရီပျိုးလာတော့ ရေချိုးရမဲ့အချိန်မှာလည်း နန်းတွင်းသူလေးတွေ ပြင်ဆင်ပေးထားတဲ့ ရေပူစမ်း ပန်းရေချိုးကန်ကြီးထဲ ဇိမ်ကျကျချိုးရပြန်သည်။ ဘေးနားမှာ ဆန်ချိုအေးလေးကလည်း ငှဲ့ပြီးသား။ သူဝတ်ရုံကို ချွတ်လိုက်ပြီး ရေချိုးကန်ထဲ ဆင်းသွားလိုက်သည်။ တောင့်တင်းတဲ့ ကြွက်သွားတွေ ရေထဲမြုပ်သည်အထိ သူထိုင်ချလိုက်သည်။ ထို့နောက် ဆန်ချိုအေးလေးသောက်ရင်း ဂျောင်ကုအကြောင်းတွေးမိသည်။

ဆော့ဂျင်pov:
အော်..ဂျွန်ဂျောင်ကုက ဒီလိုဘဝမျိုးမှာနေခဲ့တာကိုး! သူ အသေစောသွားတာတော့နှမြောစရာဘဲ။ ငါမင်းအပေါ်ဒီလိုလုပ်ရတာ စိတ်မကောင်းပေမဲ့ ငါလုံးဝနောင်တမရချင်ဘူး။ ရွေးပြီးသားလမ်းမို့ ဆက်လျှောက်ရုံအပြင် ဘာမှမတတ်နိုင်ဘူး။ ငါယွန်းအာကိုကယ်ရမယ်။ ဒါငါ့ပန်းတိုင်ဘဲ။

သူအေးအေးဆေးဆေး ရေချိုးပြီးနောက် ညစာစားဖို့ အပြင်ထွက်လာချိန် ကျွန်းစားပွဲကြီးအပြည့်တည်ခင်းထားသော စားသောက်ဖွယ်ရာများကြောင့် ဆော့ဂျင်အံဩသွားရသည်။

My Queen (ကျွန်တော်ရဲ့မိဖုရား)Where stories live. Discover now