Episode 30

301 43 14
                                    

နောက်တစ်နေ့မှာတော့ ဆော့ဂျင်ဆီသို့ ဘဏ္ဍာရေးဝန်ကြီးရောက်ရှိလာခဲ့တော့သည်။ အကြောင်းမှာ ပြန်တွေ့ပီဖြစ်တဲ့ အမေဖြစ်သူနဲ့တွေ့ဆုံပေးရန်သာ။

ဒါကိုကြားကြားချင်းတော့ ဆော့ဂျင်တစ်ယောက် ပျော်သွားပေမဲ့ သူ့ကိုရက်စက်စွာ ပစ်ထားခဲ့တဲ့သူမဟုတ်လား။ အဲ့အချက်က မွေးမိခင်ဆိုတဲ့ကျေးဇူးကိုတောင်မထောက်ပဲ နာကျည်းစေတဲ့အချက်ပင် ဖြစ်သည်။

ဆော့ဂျင်:ဂွီင်ချာစမီသာ။...သူမအသက်ရှင်နေသေးတယ်ကြားရလို့ပဲ ကျတော်ကျေနပ်ပါပြီ။ သူ့ကိုသွားမတွေ့ချင်တော့ပါဘူး။ ကျတော်တို့ရဲ့ဆက်ဆံရေးက လွန်ခဲ့တဲ့၂၅နှစ်ကတည်းက ပြီးသွားပါပြီ။ ဒါဆို...ကျတော်ကိုခွင့်ပြုပါအုံး။

ဘဏ္ဍာရေးဝန်ကြီး:ခဏနေပါအုံး အရာထမ်းဂင်! တကယ်ပဲ ဆုံးဖြတ်ချက်မပြောင်းနိုင်တော့ပါဘူးလား။ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ သခင်လေးရဲ့မိခင်တစ်ယောက်မဟုတ်လား။ ယနေ့ည ၁၀နါရီကျ ကွမ်မန်ဆောင်ကြာမြိုင်ကိုလာခဲ့ပါ။ သူမစောင့်နေပါလိမ့်မယ်။

ဘဏ္ဍာရေးဝန်ကြီးဟာထိုသို့ပြောပြီး ထွက်သွားတော့သည်။ ဆော့ဂျင်ကတော့ နာကျည်းချက်ကြောင့် မသွားဖို့ဘဲ ဆုံးဖြတ်လိုက်သည်။

~~

ယွန်းအာတစ်ယောက် နန်းဆောင်ထဲတွင် အတီးသင်ဆရာမကို ခေါ်ကာ သူမအရင်ကတီးခဲ့ဖူးသည့် ဗျပ်စောင်းတီးနည်းကိုသင်နေသည်။ တနေ့လုံး သူမအရင်ကလုပ်ခဲ့ဖူးသည့် ပန်းထိုးတာတွေ ကဗျာလှလှလေးတွေဖတ်တာတွေ စသဖြင့် သူမအရင်ပုံစံပြန်ရအောင် ကြိုးစားလုပ်နေသည်။

အွန်းလေး:ကြည့်ပါအုံး။ ဗျပ်စောင်းတီးနေတာ အရင်ကမယ်မယ်ကိုပြန်တွေ့နေရတဲ့အတိုင်းပဲ။

အထိန်းတော်အို:မယ်မယ်ကို ကြည့်ရတာ အေးချမ်းလိုက်တာ။ မယ်မယ်ရင့်ကျက်သွားပြီဘဲ။

ထိုချိန် ဗျပ်စောင်းကြိုးပြတ်သွားသောကြောင့် လက်ရှသွားသည့်ယွန်းအာ။

ယွန်းအာ:အာ့....ျီးပဲ။ သွေးတွေထွက်လာပြီ။ ဟူး..စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။ ဒီလိုအသံဆိုးတွေကို ဘယ်လိုတောင်ကြိုက်ခဲ့တာလဲ။ ကဗျာတွေ? ဘယ်လိုမှကို...ခံစားလို့မရဘူး။ တကယ်ပါဘဲ ဂင်နမ်ဂျွန်း။ ငါ့ကာရိုက်တာကို ဒီလောက်ပျင်းဖို့ကောင်းအောင်ရေးထားတာ ဘယ်သူကကြိုက်မှာလဲ။ တခြားwebtoonတွေထဲမှာဆို ဗီလိန်တွေက လုံးဝဆွဲဆောင်မှုရှိတာ။ ငါ့မှာတော့ ဘဝရီးက  ပျင်းဖို့ကောင်းလိုက်တာ...ရှီး

My Queen (ကျွန်တော်ရဲ့မိဖုရား)Onde histórias criam vida. Descubra agora