Episode 39

264 29 4
                                    

နီသဲ့သဲ့ အလင်းရောင်အောက်မှာ နှင်းတွေလည်းစဲသွားခဲ့ပြီ။ အရာအားလုံးက ဘာမှမဖြစ်ခဲ့သလိုမျိုး တိတ်ဆိတ်ငြိမ်သက်သွားကာ အရင်က ရယ်သံလေးတွေနဲ့ ဝေဆာနေခဲ့တဲ့ နန်းတော်ကြီးဟာလည်း ခြောက်ကပ်သွားခဲ့ပြီ။ နေရဲ့အလင်းဟာ တဖြည်းဖြည်း နေရာယူလာခဲ့ပြီး အေးစက်နေတဲ့ နှင်းတွေအားလုံးကို ဖြိုခွင်းပစ်ခဲ့ပြီ။

အော်...နောက်တစ်နေ့တောင်ရောက်သွားပြီဘဲ။ ဂျွန်ဂျောင်ကုမရှိတော့တဲ့နောက်တစ်နေ့ပေါ့။ အိပ်ရာထဲက သူမ နိုးနေလေပြီ။ သူမခန္ဓာကိုယ်က ရိုက်ခံထားရသလို အားအင်ကုန်ခမ်းချိနဲ့နေခဲ့သည်။ သူမ မျက်နှာကြတ်ကို ကြည့်နေရင်း ဂျောင်ကုမရှိတော့ဘူးဆိုသည့်အတွေးကို တွေးလိုက်ရုံနှင့်ပင် မျက်ရည်များက ကျလာပြန်ပြီ။ သူမပြတင်းပေါက်ရှိရာ ဘေးတစ်ဖက်ကိုစောင်းလိုက်ပြီး ကောင်းကင်ကြီးကို ကြည့်နေမိသည်။ ထိုစဉ်

အထိန်းတော်အို:မယ်မယ်နိုးပါပြီလား။

ယွန်းအာ:အွန်း...

သူမထထိုင်ဖို့ ကြိုးစားနေစဉ်မှာ အွန်းလေးနှင့် နန်းတွင်းသူတစ်ယောက်က လာကူပေးလိုက်သည်။ သူမ အထိန်းတော်အိုပြင်ဆင်လာပေးတဲ့ရေနဲ့ မျက်နှာသစ်လိုက်သည်။ ထို့နောက်

အထိန်းတော်အို:မယ်မယ် ဒီမှာပါ ဆန်ပြုတ်လေးစားလိုက်ပါအုံး။ မနေ့ကဘယ်လောက်တောင် ပင်ပန်းထားရတာပါလည်း သမားတော်ကြီးပေးခဲ့တဲ့ဆေးတွေလည်း သောက်ရပါအုံးမယ်။

ယွန်းအာ အထိန်းတော်အိုရဲ့မျက်နှာကို ကြည့်လိုက်တော့ အထိန်းတော်အိုမျက်နှာတွင် သူမကိုအလွန် စိတ်ပူနေတဲ့အရိပ်အယောင်ကိုထင်းခနဲ မြင်လိုက်ရသည်။ ထို့ကြောင့်သူမ အထိန်းတော်အိုရှေ့မှာတင် ဆန်ပြုတ်ကို ကုန်အောင်သောက်လိုက်သည်။ ထို့နောက်တော့ အထိန်းတော်အိုက သမားတော်ကြီးပေးခဲ့တဲ့ အားဆေးတွေကို ယွန်းအာအားပေးလိုက်သည်။ ဆေးအခါးတွေကို သူမအရမ်းမုန်းသည်။ အရင်ကဆို သူမကို ဒီဆေးအခါးတွေတိုက်ရင် ကလန်ကဆန်နှင့် ဘယ်တော့မှမသောက်ပေမဲ့ ဒီတခါမှာတော့ သူမ မညီးမညူဘဲ သောက်လိုက်သည်။

အမှန်ဆို ယွန်းအာရဲ့ ဒီလိုရင့်ကျက်သွားတဲ့ ပုံစံကိုမြင်ရတာ အထိန်းတော်အိုတို့အဖို့ ကျေနပ်စရာဖြစ်ပေမဲ့ အထိန်းတော်အိုတို့ကတော့ အရင်ကတက်တက်ကြွကြွနှင့် ကလန်ကဆန်အမြဲလုပ်နေတတ်သော ခလေးမလေးကိုပင် ပြန်အလိုရှိနေကြတော့သည်။

My Queen (ကျွန်တော်ရဲ့မိဖုရား)Donde viven las historias. Descúbrelo ahora