Episode 40 <Highlight>

321 22 6
                                        

ပျောက်ဆုံးသွားတဲ့ အလင်းရောင်နဲ့ အသိစိတ်လည်းပျောက်ဆုံးသွားခဲ့၏။ အေးစက်နေတဲ့ ရေပြင်ကျယ်ထဲမှာ ပူနွေးတဲ့ သူမ မျက်ရည်တွေလည်း ပါသွားလောက်ပြီ။

"ဂျောင်ကုရာ နောန် အိုဒီရာ....."

သူမအခုချိန်ထိ ဂျောင်ကုကို တမ်းတမိနေတုန်းဘဲ။ ထိုအချိန် ရေထဲသို့ ခုန်ဝင်လာသော ယောက်ျားတစ်ဦး။ ထိုသူက သူမစောင့်မျှော်နေတဲ့သူများလား? လက်နွေးနွေးတစ်စုံက သူမလက်ကို ဆွဲလိုက်တဲ့အချိန် "ဂျောင်ကုများလား"ဆိုတဲ့စိတ်ကြောင့် သူမအသိစိတ်ပြန်ဝင်လာခဲ့ရ၏။ သူမ မျက်လံုးအနည်းငယ်ကို ဖွင့်ကာ ကြည့်လိုက်သော်လည်း ထိုလူရဲ့ ပုံရိပ်က တဝိုးတဝါး။ ထိုသူရဲ့ မျက်ဝန်းညိုညိုတွေကို လှမ်းတွေ့လိုက်ရတဲ့အချိန် သူမ သေချာပေါက် ဂျောင်ကုဘဲ ဟုတွေးလိုက်ပြီး အသက်ရှူရပ်သွားရ၏။ ထိုသူက သူမလက်ကို ဆွဲပြီး အပန်းတကြီး ကုန်းပေါ်ကို ပြန်ကူးခက်နေလေရဲ့။ ကုန်းပေါ်ရောက်သော်

ဆော့ဂျင်:မယ်မယ်...မယ်မယ် သတိထားပါအုံး။ ကျေးဇူးပြုပြီး မယ်မယ်....

သူမရင်ဘတ်ကို ဖိလိုက် သူမနှုတ်ခမ်းကို စုတ်ကာ လေမှုတ်သွင်းပေးလိုက်နှင့် သူချစ်ရတဲ့မိန်းကလေး အသက်ပြန်ရှူအောင် ပြုလုပ်ပေးနေခဲ့လေသည်။ သူမကို အော်ခေါ်နေရင်း ကျလာသော မျက်ရည်တွေကို သူကိုယ်တိုင်တောင် သတိထားမိမယ် မထင်။

ဆော့ဂျင်:မယ်မယ်...ကျေးဇူးပြုပြီး...ပြန်သတိရလာပါတော့.....

ထိုချိန်

အဟွတ် အဟွတ် ...

သူမရေတွေကို ပြန်ထွေးထုတ်လိုက်ကာ မျက်လံုးအနည်းငယ်ဖွင့်ကြည့်လိုက်သည်။ ထိုအခါ သူမ မျက်စိရှေ့တွင် ဂျောင်ကုပုံရိပ်ကို ဝိုးတိုးဝါးတားမြင်လိုက်ရသည်။ သူမ ပျော်သွား၏။ သူမမျှော်နေတဲ့ ပြန်ရောက်လာခဲ့ပြီ။ထိုချိန် သူမခေါင်းက ငိုက်ခနဲ့ ဖြစ်သွားရသဖြင့် မျက်လုံးကို သေချာဖွင့်ကာ ကြည့်လိုက်သည်။ ထိုချိန် သူမရှေ့မှာရှိနေတဲ့ အမျိုးသားက "ဂင်ဆော့ဂျင်" သူမကို သိပ်ချစ်တဲ့သူ။

"ဂျောင်ကု ဘယ်ရောက်သွားတာလဲ"

သူမအရင်က အချိန်တွေကို ပြန်တွေးမိနေခြင်းဖြစ်သည်။ သူမ ရေထဲခုန်ဆင်းသွားတဲ့နေ့က လာကယ်ခဲ့တဲ့ တစ်ဦးတည်းသောသူ ဂျွန်ဂျောင်ကု အဲ့အဖြစ်အပျက်ကို ပြန်မြင်ယောင်နေခြင်း သက်သက်သာ။

My Queen (ကျွန်တော်ရဲ့မိဖုရား)Donde viven las historias. Descúbrelo ahora