နောက်နေ့ရောက်တော့ နန်းတွင်းတခုလုံးမှာ မင်အာအတင်းအဖျင်းတွေဟာ အရင်ကထက်ပိုဆိုးလာခဲ့တော့သည်။ ဒါကို မင်အာသိပါတယ်။ ဒါမဲ့သူမလဲဘာမှမတတ်နိုင်ပါဘူး။ ဒီလိုနဲ့ တညနေအရောက်....
နန်းတွင်းသူများ:အထိန်းတော်ကြီး...အထိန်း...အထိန်းတော်ကြီး!
မင်အာတစ်ယောက် သူမနန်းဆောင်မှာအထိန်းတော်ကြီးနဲ့အတူ စာလေ့လာနေတုန်း နန်းတွင်းသူနှစ်ယောက်ဟာ အမောတကောနဲ့ သူမတို့ဆီပြေးလာတော့သည်။
အထိန်းတော်အို:နန်းတော်ထဲမှာ မပြေးရဘူးဆိုတာ မသိကြတာလား။
နန်းတွင်းသူ:မ..မဟုတ်ပါဝူး အထိန်းတော်အို...ဟို..ဟို....
အထိန်းတော်အို:ဘာများလဲ...တုန်ရီနေတဲ့အသံနဲ့မပြောဘဲ သေသေချာချာ ပြောပါ။
နန်းတွင်းသူ:စိုးရွံမိကြောင်းပါ။ အဲ့တာက... ဟိုလေ....
နန်းတွင်းသူဟာ မင်အာမျက်နှာတချက်ကြည့်လိုက်ပြီး
နန်းတွင်းသူ: အပျိုတော်အွန်း ကိုယ်လုပ်တော်မြောင်ရဲ့ အပျိုတော်တွေနဲ့ ချောင်းနားမှာ ရန်ဖြစ်နေလို့ပါ။ အဲ့တာ..လာလျှောက်တင်တာပါ။
အထိန်းတော်ကြီး:ဘာပြောတယ်? နန်းတွင်းသူအွန်းက ရန်ဖြစ်တယ်ဟုလား။
မင်အာ:အွန်းလေးရန်ဖြစ်နေတာလား။ မြန်မြန်သွားကြည့်ရအောင်။
အထိန်းတော်ကြီး:မသင့်တော်ကြောင်းပါ မယ်မယ် ကျတော်မျိုးမပဲသွားလိုက်ပါ့မယ်။
မင်အာ:ငါလဲလိုက်ခဲ့မယ်။ အွန်းလေးကငါ့ညီမတစ်ယောက်လိုပဲ။ သူရန်ဖြစ်တာငါလဲသွားသင့်တယ်။
မင်အာကိုတားလို့မရတဲ့အဆုံး အထိန်းတော်ကြီးရယ် မင်အာရယ် နန်းတွင်းသူတွေပြောတဲ့ချောင်းနားရောက်သွားကြတော့သည်။ ထိုအချိန် တစ်ယောက်ဆံပင်တစ်ယောက်ဆွဲထားကြသော
အွန်းလေး:ရား ငါတို့မယ်မယ်က နင်တို့ပြောသလိုမဟုတ်ဘူးဟ။ နင်တို့မြောင်မိနာကသာ မြေခွေးမ ငါတို်မင်းကြီးကို ပြုစားထားတာ။
ဗြော:ရား မြွေမ နင်တို့မယ်မယ်ငါတို့ မယ်မယ်ပေါ်ဘယ်လောက်ယုတ်မာလဲ ဂျိုဆွန်းတခုလုံးသိတယ်။ နင်လဲသိရဲ့သားနဲ့ အမြင်ဖုံးမနေနဲ့။
BẠN ĐANG ĐỌC
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
