ဆော့ဂျင်တစ်ယောက် ဖမ်းမိလာသော ယုန်ငယ်ကိုကိုင်ကာ ယွန်းအာရှိရာသို့ပြန်လာခဲ့သည်။ ယုန်လေးက ဖြူဖြူဖွေးဖွေးလေးမို့ ယွန်းအာကြိုက်မှာအမှန်ပင်။ သူယွန်းအာရှိရာသို့ ပြန်လာချိန်တွင် ယွန်းအာတစ်ယောက် တနေရာရာသို့ မြားဖြင့်ချိန်ထားလေသည်။
ဆော့ဂျင်:ဟင် မယ်မယ်! သားကောင်တွေ့လို့များလား?
သူမြားချိန်ထားသော နေရာကိုကြည့်လိုက်ချိန်တွင် မီနာနှင့်ဂျောင်ကုတို့ရှိနေခဲ့သည်။ ယွန်းအာရဲ့မျက်လုံးများက အမုန်းတရားတွေ နာကျည်းမှုတွေနဲ့ ပြည့်နှက်နေပြီး သူသိခဲ့ဖူးတဲ့ မိန်းကလေးမဟုတ်သလိုမျိုး။
ဆော့ဂျင်:ယွန်းရာ..အန်းသွဲ! မဖြစ်ဘူး။! မလုပ်နဲ့။!
ဆော့ဂျင် ယွန်းအာကို တားဖို့ လုပ်လိုက်ချိန်မှာဘဲ ယွန်းအာရဲ့မြားဟာ မီနာဆီသို့သွားပြီးနေ လေပြီ။ မြားကိုပစ်ပြီးသွားသည်နှင့် တကိုယ်လုံးပျော့ခွေသွားသောယွန်းအာကို ဆော့ဂျင်တွဲလိုက်သည်။
ဆော့ဂျင်:မယ်မယ် သတိထားပါအုံး။ ဒီနေရာကနေ အမြန်သွားကြရအောင်ပါ။
ဆော့ဂျင် ယွန်းအာကိုတွဲကာ နေရာမှအမြန်ထွက်သွားတော့သည်။ တစ်ဖက်တွင်လဲ မြားကြောင့် မေ့လဲသွားသော မီနာကို ဂျောင်ကုက ပွေ့ချီကာ အဆောင်သို့ ခေါ်သွားခဲ့သည်။
ဂျောင်ကု:တော်ဝင်သမားတော်အမြန်ခေါ်ပါ။
နန်းတွင်းသူ:ရဲ့ ချောနား။
တော်ဝင်သမားတော်ကြီးလဲ ဘုရင့်အမိန့်ကြောင့် ချက်ချင်းပဲ ရောက်ရှိလာခဲ့သည်။ ဂျောင်ကု မီနာတစ်ခုခုဖြစ်သွားမှာထက် ဒီကိစ္စကြောင့် ယွန်းအာတစ်ခုခုဖြစ်မှာကို ပိုစိုးရိမ်မိသည်။
သမားတော်ကြီး:ရိုးရိုးမြားပါ ချောနား။ ထိတ်လန့်စရာကြုံလိုက်ရလို့ သတိမေ့သွားရုံပါ။ ကျတော်မျိုးဒဏ်ရာကို ဆေးစီးပေးလိုက်ပါ့မယ်။
ထိုသို့မှ ဂျောင်ကု စိတ်အေးနိုင်သည်။ အဆိပ်မြားသာဆိုရင် ဒီကိစ္စကပိုကြီးသွားမည်ကို ဂျောင်ကုသိသည်။
ဂျောင်ကု:ကောင်းပြီ။ သူမကိုသက်သာအောင်လုပ်ပေးလိုက်ပါ။
သမားတော်ကြီး:ချောနားလည်း ဆေးစီးသင့်ပါတယ်။ ချောနားလည်း မြားမှန်ထားတယ်မလား။
VOUS LISEZ
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
