<နန်းတက်ပွဲမတိုင်ခင် ၁၀ရက်အလို>
ဘဏ္ဍာရေးဝန်ကြီးတစ်ယောက် ဆော့ဂျင်ဆီသို့ ရောက်လာကာ နောက်တစ်ခေါက် မယ်တော်ခေါင်ကြီးနှင့်တွေ့ဖို့ လာပြောလေသည်။
ဆော့ဂျင်:ကျတော်သွားတွေ့စရာ မလိုတော့ပါဘူး။ ကျတော်တို့နှစ်ယောက် စကားဝိုင်းက အရင်တစ်ခေါက်ကတည်းက ပြီးသွားပါပြီ။
ဘဏ္ဍာရေးဝန်ကြီး:အဲ့လိုမဟုတ်သေးပါဘူး။ ဒီတစ်ခေါက်တော့ သေချာပေါက်သွားတွေ့လိုက်ပါ။ သခင်လေးအတွက် အရမ်းကို အရေးကြီးလို့ပါ။
ဘဏ္ဍာရေးဝန်ကြီးက ဆော့ဂျင်ကို ဖြောင်းဖြပြီး မယ်တော်ခေါင်ကြီးဆီသွားတွေ့ခိုင်းနေသည်။
ဘဏ္ဍာရေးဝန်ကြီး:အရင်တစ်ခေါက်ကလို ကွမ်မန်ဆောင်ကြာမြိုင်မှာဘဲ။ သူမ အဲ့မှာစောင့်နေပါလိမ့်မယ်။ ကျတော်မျိုးပြောတဲ့အတိုင်း ဒီတစ်ခေါက်က သခင်လေးအတွက် အရမ်းကိုအရေးကြီးပါတယ်။မဖြစ်မနေ သွားတွေ့လိုက်ပါ။
ဆော့ဂျင်:ဒါဘဲမလား။ ကျတော်ပြန်တော့မယ်။ ခွင့်ပြုပါအုံး။
ဆော့ဂျင်တစ်ယောက် စကားကြောရှည်မနေဘဲ မြန်မြန်နေရာမှထလာလိုက်သည်။ သူထပ်သွားတွေ့သင့်လား? အမှန်တိုင်းပြောရရင် သူနာကျည်းချက်ကြောင့် သူမကိုနောက်ထပ်မတွေ့ချင်တော့။ သို့သော် သူရဲ့ကြင်နာတတ်တဲ့နှလုံးသားက အမေဖြစ်သူကို နောက်တစ်ကြိမ် ထပ်တွေ့ချင်နေမိပြန်သည်။
ဆော့ဂျင်တစ်ယောက် မလွန်ဆန်နိုင်တဲ့အဆုံး သူမဆီနောက်တစ်ကြိမ် ထပ်သွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။
"သခင်လေးရောက်လာပါပြီ သခင်မကြီး"
ဆောင်ကြာမြိုင်အခန်းကျဉ်းလေးထဲ လက်ဖက်စိမ်းအရက်သောက်နေတဲ့ ဇာပါးလွှာနောက်က အမျိုးသမီးကြီးက ထိုအသံကိုကြားတော့ နှုတ်ခမ်းတစ်ဖက်က အပေါ်သို့ ပင့်တက်သွားရသည်။
မယ်တော်ခေါင်ကြီး:ဟ ငါသူလာမယ်ဆိုတာသိသားဘဲ။ တကယ်ပျော့ညံ့တဲ့ကောင်လေး.. ဝင်ခဲ့ခိုင်းလိုက်။
VOCÊ ESTÁ LENDO
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanficကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
