မင်အာတစ်ယောက် အဆောင်ကိုပြန်ရောက်ချင်း ပြုံးပျော်နေတဲ့မျက်နှာတွေနဲ့အတူ စောင့်နေကြတဲ့အထိန်းတော်အိုတို့ကို မြင်ပြီးကြောင်သွားတာပေါ့။
မင်အာ:ဒီအခြေအနေက ဘာလား။ မကောင်းတာ တခုခုဖြစ်တော့မဲ့အငွေ့အသက်ကြီးခံစားနေရတယ်။
မင်အာလဲ ဒီလိုနဲ့ အထိန်းတော်ကြီးတို့ဆီ လျှောက်သွားလိုက်သည်။ ဟိုရောက်တော့ အွန်းလေးက ပါးလေးအနီသားနဲ့ မင်အာလက်မောင်းကို လာဆွဲတော့သည်။
အွန်းလေး:မယ်မယ် ဘယ်တွေလျှောက်သွားနေတာလဲ။ မကြာခင်....မင်းကြီးနဲ့...အဟိ...
အထိန်းတော်ကြီး:ခ်ခ်...မင်းကြီးက မယ်မယ်ကိုပဲ တမ်းတနေတယ်နဲ့ တူပါတယ်။ ဒီတလော မယ်မယ်နဲ့ပဲအတူရှိနေချင်ေနတယ်။
မင်အာ:ရား ဘာတွေပြောနေတာလဲ။ ဘယ်က မင်းကြီးက ပါလာတာလဲ။
နန်းတွင်းသူများ:ဒီည မင်းကြီးက မယ်မယ်နဲ့ ညအတူကုန်ဆုံးပါမယ်တဲ့ ခုနကပဲ လာလျှောက်တင်သွားတာပါ။
ဒါကိုလဲကြားရော မင်အာအကြီးအကျယ် လန့်သွားတော့သည်။ သူမရင်ဘတ်ကို လက်နှစ်ဖက်နဲ့အမြန်အုပ်ရင်း
မင်အာ:ဘာ...ဒီည...မင်းကြီးက ငါနဲ့အတူ အိပ်မယ်ဟုတ်လား....? ရား...ရူးသွားပြီလား။ သူက ဘာလို့ ငါနဲ့....ငါနဲ့ညအတူအိပ်မှာလဲ။ မဟုတ်မှ သူက.....နှာဗူးများလား။ ဘာလို့မိန်းကလေးနဲ့လာအိပ်မှာလဲ။
အွန်းလေး:မယ်မယ်ကလဲ ဇနီးမောင်နှံချင်း အိပ်တာကို ဘာလို့ဆိုပြီး ရှိရမှာလဲ။
အထိန်းတော်ကြီး:ကဲကဲ...စကားများမနေနဲ့။ မင်းသားလေးမွေးအောင် မယ်မယ်ကို အသေအချာ ပြင်ဆင်ပေးလိုက်ကြ။
အထိန်းတော်ကြီးထိုသို့ ပြောလိုက်တာနဲ့နန်းတွင်းသူနှစ်ယောက် မင်အာလက်တွေကိုချုပ်ကာ နန်းဆောင်ထဲခေါ်သွားတော့သည်။ အဆောင်ထဲလဲရောက်ရော မင်အာရဲ့အပေါ်အကျီတွေကို ချွတ်ပစ်လိုက်တော့သည်။
မင်အာ:ရား...နင်တို့...ဘာ..ဘာလုပ်မို့လဲ။..အန်းသွဲ ငါ့အကျီတွေ...ပြန်ပေးးးး
ထို့နောက်တော့ အမွှေးဖယောင်းတိုင်တွေအများရီးထွန်းထားပြီး နှင်းဆီနီပွင့်ဖတ်တွေနဲ့ စိမ်ထားသော ရေချိုးကန်ထဲကို မင်အာအားခေါ်သွားတော့သည်။

ŞİMDİ OKUDUĞUN
My Queen (ကျွန်တော်ရဲ့မိဖုရား)
Hayran Kurguကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...