Episode 54

113 6 0
                                    

ဆော့ဂျင်ရဲ့ စျာပနာပွဲလည်း ပြီးသွားခဲ့ပါပြီ။ ဒါပေမဲ့ ဆော့ဂျင်ရဲ့စျာပနာပွဲပြီးတဲ့အထိကို မယ်တော်ခေါင်ကြီးကတော့ တစ်ရက်မှဆော့ဂျင်ဆီပေါ်မလာခဲ့။

ယွန်းအာတစ်ယောက်ဆော့ဂျင်ရဲ့ မြေပုံလေးဆီလာကာ ပန်းစည်းလေးလာထားပေးခြင်းဖြစ်သည်။

ယွန်းအာ:နောက်ဘဝကိုကောင်းကောင်းမွန်မွန်သွားပါ။ အဲ့ဘဝမှာတော့ နင်သေချာပေါက်ပျော်ရမှာပါ...ငါ့လိုနင့်အပေါ်မကောင်းခဲ့တဲ့မိန်းကလေးကိုလည်း မချစ်မိစေဘဲ ဆိုးရွားတဲ့အမေလဲ မရှိပါစေနဲ့။ အဲ့ဘဝတော့ နင်ချစ်တဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေပါ။ အများ အများရီး ပျော်နေရမှာပေါ့...နော်...

သူမ ဆော့ဂျင်ရဲ့မြေပုံလေးကိုကြည့်ကာ တစ်ယောက်ထဲပြောနေမိသည်။

ယွန်းအာ:ဒီဘဝမှာ ငါ့ဘေးရှိပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...

အွန်းလေး:မယ်မယ်...နှင်းတွေလည်း တအားကျနေတာကို နန်းတော်ကိုပြန်ကြရအောင်ပါ...ဒီလိုဆက်နေရင် မယ်မယ် နေမကောင်းဖြစ်ပါလိမ့်မယ်။

အထိန်းတော်အို:ဟုတ်ပါတယ် မယ်မယ်...မနက်ကထဲက ခုထိဆိုတော်တော်ကြာနေပါပြီ။

အထိန်းတော်အိုတို့စကားကြောင့် သူမ ထရပ်လိုက်သည်။

ယွန်းအာ:ဟုပါပြီ ပြန်ကြတာပေါ့...ငါလည်းနန်းတော်မှာ လုပ်စရာရှိတယ်...သေချာပေါက်ကိုလုပ်ရမဲ့ကိစ္စ...!

ယွန်းအာတစ်ယောက် ထိုကဲ့သို့ပြောပြီးနောက် အထိန်းတော်အိုတို့နှင့်အတူ နန်းတော်ကို ပြန်လာခဲ့သည်။ နန်းတော်ကိုရောက်တော့ သူမကိုသူမ သေချာပြင်ဆင်လိုက်ကာ ဆော့ဂျင်ပေးခဲ့တဲ့ဆံထိုးလေးကို နဂါးခေါင်းဆံထိုးအစားထိုးလိုက်သည်။

အထိန်းတော်အို:မယ်မယ်...ဘယ်များသွားစရာရှိလို့ပါလဲ?

ယွန်းအာ:မယ်တော်ခေါင်ကြီးဆီ!...ငါဒီတလောအတွင်း သူ့ဆီသွားပြီး ဂါရဝမပြုမိဖူးမလား?...ဒါကြောင့်သွားဂါရဝပြုမို့...

အွန်းလေး:ဒါမဲ့လည်း မယ်မယ်နဲ့မယ်တော်ခေါင်ကြီးက အဆင်မှမပြေကြတဲ့ဟာကိုး...

My Queen (ကျွန်တော်ရဲ့မိဖုရား)Hikayelerin yaşadığı yer. Şimdi keşfedin