ယွန်းဂီတစ်ယောက် နေဝင်သွားတော့ သူ့ရဲ့လှုပ်ရှားမှုကို စတင်ခဲ့သည်။ ဆော့ဂျင်နန်းဆောင်နားကို တိတ်တဆိတ်ချဉ်းကပ်သွားခဲ့ပြီး လမ်းမှာတွေ့တဲ့ စစ်သည်တွေကိုလည်း ဘယ်သူမှမသိအောင် တိတ်တိတ်လေး ရှင်းခဲ့ရသည်။ နေမဝင်ခင်ကထိ လုံခြုံရေးတွေပြည့်နှက်နေခဲ့တဲ့ နန်းဆောင်က နေဝင်ပြီး မှောင်လာမှ လုံခြုံရေးတွေ ကျဲလာသဖြင့် ယွန်းဂီမသက်ာဖြစ်လာရသည်။ ဒါမဲ့သူလုပ်စရာရှိတာ ဆက်လုပ်ရမှာမို့ နန်းဆောင်ထဲသို့ ခိုးဝင်ခဲ့သည်။ နန်းဆောင်ထဲရောက်တော့ ဘယ်သူမှမရှိသဖြင့် ယွန်းဂီ ကြောင်သွားရတော့သည်။ သူဘယ်ရောက်သွားတာပါလိမ့်? ထိုချိန် နန်းဆောင်ထဲဝင်လာသော တစ်စုံတစ်ဦးကြောင့် ယွန်းဂီဘယ်သူမှမမြင်အောင် အနီးက လိုက်ကာ တစ်ခုအနောက် ဝင်ပုန်းနေလိုက်ရသည်။ ထိုသူကအခြားသူမဟုတ်။ မိန်းမစိုးဂင်ပင်။ သူက ဆော့ဂျင်အခန်းထဲဝင်ပြီး သူလုပ်စရာရှိတာလာလုပ်ခြင်းဖြစ်သည်။ ထိုချိန် နောက်ထပ်ဝင်လာသော နန်းတွင်းသူလေးများ။
"မိန်းမစိုးဂင်! ချောနားရောဟင်...ကျမတို့ ညစာလာပို့တာပါ။"
မိန်းမစိုးဂင်:အော် ဟုတ်လား? ချောနားက ဒီနေ့ည ဒီမှာမရှိဘူး။ မိဖုရားနန်းဆောင်မှာ သွားစံမြန်းတယ်။
"ဟင်? ဘယ်လိုကြီးလဲ? မိဖုရားခေါင်က နန်းတင်ပွဲတောင်မလုပ်ရသေးဘူးမလား?"
"ရှူး! တိုးတိုး! တစ်ယောက်ယောက်ကြားသွားလို့ ခေါင်းဖြတ်ခံနေရအုံးမယ်။ အခုမင်းကြီးက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်လဲ? နင်လဲသိရဲ့သားနဲ့"
မိန်းမစိုးဂင်:စကားများမနေဘဲ ပြန်လိုက်ကြပါတော့။ ငါချောနားဆီလိုက်သွားရအုံးမယ်။
ထိုစကားတွေအစအဆုံးကို အခန်းတွင်းရှိလိုက်ကာနောက်မှာပုန်းနေတဲ့ ယွန်းဂီကအကုန်ကြားလိုက်ရသည်။ သို့သော် သူစဉ်းစား၍မရ။ ဂင်ဆော့ဂျင်က ဘုရင်ဖြစ်ဖြစ်ချင်း မိဖုရားတင်မြှောက်ပြီးသွားပြီလား? သူမယုံနိုင်စွာဖြစ်နေတုန်း မိန်းမစိုးဂင်နောက်မှ လိုက်သွားရန်ဆုံးဖြတ်လိုက်တော့သည်။
သူ မိန်းမစိုးဂင်နောက်မှ တိတ်တဆိတ်လိုက်သွားခဲ့ပြီး နန်းဆောင်အရောက်မှာတော့
VOCÊ ESTÁ LENDO
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanficကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...