ဂျောင်ကုတစ်ယောက် ညီလာခံပြီးနောက် တစ်ချိန်လုံး တစ်စုံတစ်ခုကိုစဉ်းစားနေမိသည်။
မိန်းမိစိုးဂင်:ချောနား ဘာတွေများအဲ့လောက်တွေးနေရတာပါလဲ?
ဂျောင်ကု:လက်ရှိမင်းကြီးအကြောင်းကိုပေါ့။ သူကဘယ်လိုလူမို့ အမတ်တွေက ကာကွယ်ပေးနေချင်ရတာလဲ? ငါ့ထက်ပိုပြီး ဥာဏ်အမြော်အမြင်ရှိလို့လား? ဒါမှမဟုတ် တိုင်းပြည်ကိုပိုပြီး သာယာဝပြောစေခဲ့လို့လား?
ဒါကိုကြားတဲ့မိန်းမစိုးဂင်က ကျစ်သပ်လိုက်သည်။
မိန်းမစိုးဂင်:ပြောရင်လဲ ခစားနေရတဲ့ ဘုရင်ကို အတင်းအဖျင်းပြောတယ်လို့ ဆိုကြပါအုံးမယ်။ အမှန်တော့အခုမင်းကြီးက အရမ်းကိုဆိုးရွားတာပါ။ စိတ်ထင်ရာကိုလုပ်ပြီး အမတ်တွေဘာဘဲလုပ်လုပ် လွှတ်ထားပေးတာပါ။ဒါကြောင့်အမတ်တွေက မင်းကြီးကို အရမ်းကာကွယ်ပေးချင်နေတာလေ။ တစ်ခါကဆို ညီလာခံချိန်ကြီး အမတ်တစ်ယောက်ကို သတ်ခဲ့ပါသေးတယ်။
ဂျောင်ကု:ဘာ! အမတ်ကိုသတ်တယ် ဟုတ်လား?
မိန်းမစိုးဂင်:ရဲ့...အရမ်းကိုဆိုးရွားခဲ့တာပါ။ မယ်မယ်ကိုလည်း နှိပ်စက်ခဲ့ပြီး ကိုယ်ရံတော်ဂင်နဲ့ကျတော်မျိုးတို့ကိုလည်း သစ္စာဖောက်လိုဆက်ဆံခဲ့ပါသေးတယ်။ အိုက်ဂူး ပြောရင်းဆိုရင်း ကြက်သီးတွေထလာပြီ။ ပြီးတော့ မင်းကြီးက အရာထမ်းဘဝကနေ မယ်တော်ကြီးရဲ့သားမို့ ထီးနန်းဆက်ခံခဲ့တာလေ။ ဒီတော့ နန်းတော်ရေးရာ ဘာဆိုဘာမှစိတ်မဝင်စားပါဘူး။ ချောနား အဲ့အရာထမ်းကိုသိလောက်မှာပါ။အရင်က မယ်မယ်နဲ့ရင်းနှီးတယ်လေ။ နံမယ်ပြောဖို့ကျ ကျတော်မျိုးမက ပြောလို့မဖြစ်လို့ပါ။
ထိုတော့မှ ဂျောင်ကုခေါင်းထဲတစ်ခုစဉ်းစားမိတော့သည်။
ဂျောင်ကုpov:
ဂင်ဆော့ဂျင်! အဲ့ဘုရင်က အရာထမ်းဂင်! ဒါကြောင့်ကိုး ငါသူ့ကိုတွေ့တုန်းက အနီရောင်နဂါးခေါင်းအကျီကို ဆင်မြန်းထားတာကိုး။ ဒါမဲ့ သူကနတ်ရွာစံသွားပြီဘဲ! အရာထမ်းဂင်ကို ဝမ်ဘင်ကဘဲ လုပ်ကြံခဲ့တာ...ဒါဆို သူနတ်ရွာစံတာ ဘဏ္ဍာဝန်မင်းလည်း သိမှာဘဲ။ သိရဲ့သားနဲ့ ဘာလို့များ...
KAMU SEDANG MEMBACA
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fiksi Penggemarကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
