နောက်နေ့ရောက်တော့ မင်အာတစ်ယောက် နိုးလာချိန် ဘေး၌ ယောကျာ်းတစ်ယောက်အိပ်ထားသလို အရိပ်အယောင်ကိုတွေ့ရတော့ သူမကိုယ်ပေါ်က အဝတ်အစားတွေရှိမရှိ ကြည့်လိုက်သည်။
မင်အာ:ဟူး...တော်ပါသေးရဲ့။ နေပါအုံး ငါအခုဘာတွေတွေးနေတာလဲ။
အစေခံ:မမလေးရှင့် နိုးပါပြီလား။ မျက်နှာသစ်ဖို့ဝင်ခဲ့ပါမယ်နော်။
မင်အာတစ်ယောက် မျက်နှာမြန်မြန်သစ်ပြီးနောက် အဆောင်အပြင်ကိုထွက်လိုက်ချိန် လူတွေရုတ်ရုတ်သဲသဲနဲ့ အခမ်းအနားကို ပြင်ဆင်နေတာကိုတွေ့သွားတော့သည်။
မင်အာ:ငါ.ဘယ်ရောက်....အာ..ဆရာကြီးယွီမွေးနေ့ပွဲရောက်နေတာပဲ။
အဲ့အချိန်မလှမ်းမကမ်းကနေ လှမ်းခေါ်လိုက်တဲ့အသံကြောင့် လှည့်ကြည့်လိုက်သည်။
ဂျောင်ကု:ယွန်း...နိုးပြီလား။
မိုးပြာရောင်ဖဲသားhanbokကိုဝတ်ဆင်ထားတဲ့ ဂျောင်ကုဟာအရင်ကထက် ပိုပြီးခန့်ညားနေခဲ့ပါတယ်။
ဂျောင်ကု:အဝတ်အစားသွားလဲလိုက်ပါ။ ဟိုမှာ မိတ်ဆွေတွေစောင့်နေပါတယ်။ မနက်စာသွားသုံးဆောင်ရအောင်။
မင်အာလဲ အထဲ ပြန်ဝင်ကာ ပန်းနုရောင် hanbokလေးဝတ်ပြီး ပြန်ထွက်လာတော့သည်။ ဂျောင်ကုလက်ကိုတွဲရင်း ဂျောင်ကုမိတ်ဆွေတွေရှိရာ စားပွဲဆီသွားလိုက်သည်။
မိတ်ဆွေ1:အာ..ဂျောင်ကုရာ....မင်းရှင်မလေးတောင်နိုးပြီဘဲ။ မင်းတော့ကံကောင်းတာပဲ။ ချစ်စရာကောင်းတဲ့ရှင်မလေး ပိုင်ဆိုင်ထားတာ။
ဟား..ဟား..ဟား
လူတွေရဲ့ဂျောင်ကုကိုတရင်းတနှိးဆက်ဆံနေတဲ့ လေသံတွေကြောင့် မင်အာအံသြမိသွားသည်။ တကယ်တမ်းကျ ဒီမှာရှိတဲ့လူတွေဟာ ဂျောင်ကုဟာ ဘုရင်ဖြစ်ကြောင်းဘယ်သူမှမသိကြပါဘူး။ ဆရာကြီးကလွဲလို့ပေါ့။
မိတ်ဆွေ2:နေပါအုံး ဒါနဲ့ ဒီရှင်မက..အရင်က ငါတို့ကျောင်းဆောင်ကိုလာလာပြီး ချောင်းတဲ့ ကောင်မလေးမလား။ ယောင်းကြီး ထယ်ယောင်းရာ အဲ့တာမင်းညိမလေးမလား။
ထယ်ယောင်း:ဟဟ ဆိုပါတော့ကွာ။
မိတ်ဆွေများ:မင်းတို်ကတော့ သူငယ်ချင်း ယောက်ဖတော်ထားတာပဲ။ ဟား ဟား ဟား
YOU ARE READING
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
