မယ်တော်ခေါင်ကြီး:မိဖုရားကို ကယ်တင်ဖို့ တစ်နည်းတော့ရှိပါတယ်။ မင်းကြီး..ထီးနန်းကိုစွန့်လွှတ်လိုက်ပါ!
တွေဝေနေသော ဂျောင်ကုကြောင့် မယ်တော်ခေါင်ကြီး ပြုံးမိပြန်သည်။ ဂျောင်ကုရဲ့ကျရှုံးနေတဲ့ပုံရိပ်တွေကို သူသဘောကျသည်။
မယ်တော်ခေါင်ကြီး:ဒီနည်းကို လက်မခံလည်းရပါတယ်။ အတင်းမတောင်းဆိုပါဘူး။ ဘုရင်တစ်ပါးအတွက် မိဖုရားဆိုတာ မရှားပါဘူး ချောနား။ မိဖုရားခေါင်နန်းကျသွားလည်း မိဖုရားခေါင်ထက် ပိုကောင်းတဲ့သူ မိဖုရားဖြစ်လာနိုင်တာပဲလေ။
ဂျောင်ကု:ကျတော်...စဥ်းစားလိုက်ပါအုံးမယ်။
မယ်တော်ခေါင်ကြီး:ခေါင်းအေးအေးစဥ်းစားပါ ချောနား။ ဒါမဲ့ အချိန်တော့မနှောင်းစေနဲ့။
မယ်တော်ခေါင်ကြီး ထိုသို့ခြိမ်းခြောက်ပြီးနောက် ဂျောင်ကုတစ်ယောက် နန်းဆောင်မှ ပြန်ထွက်လာခဲ့တော့သည်။ ဂျောင်ကုထွက်သွားပြီးမကြာမှာဘဲ ဘဏ္ဍာရေးဝန်ကြီးတစ်ယောက်ရောက်လာခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီး:မယ်မယ် ကြည့်ရတာ ပျော်နေသလိုပါပဲ။ စိတ်ကြည်စရာကိစ္စလေးတွေရှိလို့လား?
မယ်တော်ခေါင်ကြီး:ဟဟ..ငါကအဲ့လိုပုံပေါက်နေလို့လား။ မိဖုရားက သိပ်တုံးတာပဲ။ ငါမပြောခဲ့ဘူးလား။ မိဖုရားကိုပထုတ်ဖို့က လက်နက်ကြီးကြီးမားမလိုပါဘူးလို့။ သိပ်တုံးတဲ့မိဖုရားက မင်းကြီးရဲ့အားနည်းချက်ဖြစ်နေတယ်တဲ့လေ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီကိစ္စမှာ ငါကအမြတ်ဘဲ။
ဘဏ္ဍာရေးဝန်ကြီး:ဒါကတော့ သေချာပါတယ်။ မိဖုရားခေါင်ကိုနန်းချဖို့အတွက် အမတ်တွေ အားသွန်ခွန်စိုက်ကြိုးပမ်းနေကြပါတယ်။ မယ်မယ်အတွက်တော့ ပျော်စရာတွေကြီးပါဘဲ။
မယ်တော်ခေါင်ကြီး:ကောင်းတယ်။ ကျေးဇူးရှင်ကိုပြန်ကိုက်တဲ့ခွေးက ဒီလိုဘဲအဆုံးသတ်ရမှာဘဲ။
ဘဏ္ဍာရေးဝန်ကြီးစကားကြောင့် မယ်တော်ခေါင်ကြီး စိတ်ကျေနပ်မိပြန်သည်။ တစ်ဖက်တွင်တော့ အကျဥ်းထောင်ထဲတွင် တညအိပ်ပြီးသော်လည်း အကျဥ်းထောင်ထဲမှ အအေးဓာတ်ကို နေသားမကျသေး။ သူမအတွက်အနွေးဓာတ်ဆိုလို့ သူမအကိုရဲ့ခြုံထည်သာ ရှိသည်။
CZYTASZ
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
