မင်အာ:အွန်းလေး ငါ့ဆီခဏလာအုံး။
အဆောင်တွင်းမှာ နှခေါင်းနှိုက်လိုက် ခေါင်းကုပ်လိုက် လုပ်နေတဲ့ မင်အာတစ်ယောက် ဘေးမှာ ပန်းထိုးပေးနေတဲ့ အွန်းလေးကို လှမ်းခေါ်လိုက်သည်။
အွန်းလေး:ရဲ့....မားမား။ ဘာပြောစရာရှိလို့ပါလဲ။
မင်အာ:ငါ...မင်းကြီးအကြောင်း သိချင်တယ်။
အွန်းလေး:မင်းကြီး အကြောင်းလား။...မင်းကြီးက ဥာဏ်ရည်ထက်မြက်ပြီး စစ်ရေးစစ်ရာ ကျွမ်းကျင်တယ်။ ရုပ်လဲချောတယ်။ နောက်ပြီး.....
မင်အာ:ရား..ငါအဲဒါတွေ သိချင်တာ မဟုတ်ဘူး။ ငါသိချင်တာက သူ့မှာ မိဖုရားဘယ်နှယောက် ရှိလဲ။ အမေဘယ်နှယောက်ရှိလဲ။ ဘယ်လိုအာဏာရှိလဲအဲ့တာတေသိချင်တာ
အွန်းလေး:hmmmmအွန်းလေး အဲ့လောက်ကြီးကျ မသိဝူး။ အွန်းလေးက မယ်မယ်နဲ့အတူကျမှ နန်းတော်ထဲဝင်ရတာလေ။ ဒါကြောင့်မင်းကြီးအကြောင်း မယ်မယ်ကတောင် အွန်းလေးထက် ပိုသိတာ။ ဒီလိုလုပ် အထိန်းတော်အိုကြီးကို မေးကြည့်လေ။ သူဆိုရင်တော့ သိမှာပေါ့။
မင်အာ:အထိန်းတော်အိုလား။ နေပါ။ သူကိုမေးမဲ့အစား googleပဲပြေးခေါက်တော့မယ်။
အွန်းလေး:ရှင်....ဂို..?
မင်အာ:အော်...ငါနောက်ကလိုက်ဆို..ဂူဂဲလ်...
အွန်းလေး:ဂူ....?
မင်အာ:ထားလိုက်တော့ သူ့မှာ မိဖုရားဘယ်နှယောက်ရှိတာလဲဆိုတာတော့ သိမှာပေါ့နော်။
အွန်းလေး:မိဖုရားကတော့ မယ်မယ်တစ်ယောက်ထဲပဲရှိသေးတာပါ။မယ်မယ်က မိဖုရားခေါင်ကြီးလေ။
မင်အာ:ဘာ...ငါက မိဖုရားခေါင်! သူ့မှာ ကိုယ်လုပ်တော်တေ ဘာတေ မရှိဝူးလား။
အွန်းလေး:omm အော် မြောင်မီနာဆိုတဲ့ တစ်ယောက်တော့ရှိတယ်။ ဒါမဲ့လဲ သူက နန်းတွင်းကထွက်သွားပါပြီ။
မင်အာ:အော်....ဒါနဲ့ မင်းကြီးဆိုတဲ့ကောင်ကလဲ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားပြန်ပေါင်းစည်းတဲ့နေ့ကျ မှ ပြန်လာတော့မှာလားမသိဝူး။ အမေ့ကိုတွေ့ချင်တာ တပိုင်းသေနေပြီ။ ဒါနဲ့နေပါအုံး ငါက မိဖုရားခေါင်ဆိုတော့ မင်းကြီးမရှိတဲ့အချိန် ငါက အာဏာအရှိဆုံးပေါ့နော်။
![](https://img.wattpad.com/cover/296629704-288-k295748.jpg)
DU LIEST GERADE
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...