မင်အာတစ်ယောက်အဆောင်ကိုပြန်ရောက်ပြီဆိုတာနဲ့ ကြမ်းပြင်ပေါ်ကို ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် ရင်ဘတ်ကိုထုကာ စကားလုံးတလုံးကိုပဲ အကြိမ်ကြိမ်ပြောနေတော့သည်။
မင်အာ:အိုမို....အန်းဒွဲ... အန်းဒွဲ..အဲ့လိုဖြစ်လို့မရဝူးလေ။ မရဝူးလို့...
မင်အာpov:
ဘာပါလိမ့်။ ဒီလိုမျိုး ရင်ဘတ်ထဲဟာတာတာဖြစ်သွားတဲ့ခံစားချက်....ဟုတယ် ငါသူတို့နှစ်ယောက်ကြား သွားမရှုပ်သင့်ဘူး။ တော်ကြာ ဂျွန်ဂျောင်ကုပေါ် မလိုအပ်ပဲစိတ်တွေရှိလာမှ အရင်လို ယုတ်မာတဲ့ ဂင်ယွန်းအာဖြစ်သွားလိမ့်မယ်။ အန်းသွဲ... နေပါအုံး ငါက သူတစ်ယောက်ထဲ နေမကောင်းဖြစ်နေမှာစိုးလို့ သနားပြီးသွားကြည့်တာလေ။ အာညီး အဲ့သနားစိတ်တောင်ရှိလို့မဖြစ်ဝူး။ ဂျွန်ဂျောင်ကု သူနဲ့ငါက တစိမ်းတွေပဲ။သူကြောင့်နဲ့ အရင်တုန်းက ဂင်ယွန်းအာတော့ လုံးဝအဖြစ်မခံဝူး။ ငါက၂၁ရာစုက ဂင်မင်အာပဲ။ ငါ့ကိုဒီလိုအသုံးချလို့ကတော့ webtoonကို ပြောင်းပြန်လှန်ပစ်မယ်။.....
မင်အာအဖြစ်ကို ဘေးကနေကြည့်နေကြတဲ့ အထိန်းတော်အိုနဲ့အွန်းလေးတို့ကတော့...
အထိန်းတော်အို:ကြည့်ရတာ မယ်မယ်တော်တော်ခံစားသွားရတယ်နဲ့တူတယ်။
အွန်းလေး:ဒါပေါ့။ အထိန်းတော်ကြီးကလဲ။ ကြည့်ပါလား။ ရင်ဘတ်တွေကိုထုနေတာလေ။ ချစ်ရတဲ့သူကို ဂရုစိုက်ပေးဖို့လာတာကို တခြားတယောက်နဲ့တွေ့လိုက်တော့ ဘယ်သူကရင်မကွဲပဲ နေမှာလဲ။ အဟင့်....
ခဏကြာတော့ မင်အာတယောက် ထိုင်ရာကနေ နောက်တကြိမ်ပြန်ရပ်လိုက်ပြီး ....
မင်အာ:ငါတစ်ယောက်ထဲ သွားစရာရှိတယ် နင်တို့ဘယ်သူမှ လိုက်မလာနဲ့။ မလိုက်လာကြနဲ့နော်....လိုက်လာရင် ငါအော်ငိုပစ်မှာ။ ကြားလား....
မင်အာဟာ ထိုသို့ပြောကာ မျက်နှာကြီးဆူပုတ်ရင်း ထွက်သွားတော့သည်။ တနေရာအရောက်.....
နန်းတွင်းသူများ:ရား နင်တို့ဟိုတနေ့ညက သတင်းလေ။ ငါအဲ့ဒါ သတင်းအမှန်ရလာပြီ။မင်းကြီးကလေ မိဖုရားဆောင်သွားတာကို ဒေါသတကြီးနဲ့ထွက်လာရတဲ့အကြောင်းက မိဖုရားက နောက်ကွယ်မှာ ဖောက်ပြန်နေလို့တဲ့။ ရား မဟုတ်တာတွေ။ တကယ့်အမှန်တရားက ရိုးရိုးလေး။ နင်တို့ကလဲ မိဖုရားနဲ့မင်းကြီး လက်ဆက်ထားတာ ၃လတောင်ကျော်နေပြီ။ ဘယ်တုန်းက ကြင်ကြင်နာနာ တွေ့ရလို့လဲ။ မင်းကြီးက မိဖုရားခေါင်ကိုမချစ်ပဲ လက်ထပ်ခဲ့ရတာလေ။ သူတကယ်ချစ်ရတာ ကိုယ်လုပ်တော်မြောင်ပဲ။ အဲ့နေ့ညက ထွက်ပြေးလာရတဲ့အကြောင်းက ကိုယ်လုပ်တော်မြောင်ကြောင့်ပဲ။ ဘယ်ယောက်ျားက သူမချစ်တဲ့မိန်းကလေးနဲ့ ညအတူကုန်ဆုံးမှာလဲ။
ESTÁS LEYENDO
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
