Episode 27

320 59 4
                                    

ဂျောင်ကုတစ်ယောက် ယွန်းအာရဲ့နန်းဆောင်တွင်းသို့ ခံစားချက်မဲ့သော မျက်နှာထားဖြင့် ဝင်လာခဲ့သည်။ ထိုသို့လာခြင်းဟာ သူရဲ့စိတ်ကြောင့်မဟုတ်။ မယ်တော်ခေါင်ကြီးအမိန့်ကြောင့်သာ။

နန်းဆောင်တွင်းသို့ရောက်သောအခါ အနီရောင်hanbokကိုဝတ်ဆင်ထားပြီး ရမ္မက်ပြင်းစွာလှလွန်းသော အလှကိုပြင်ဆင်ပြီးထိုင်စောင့်နေသော ယွန်းအာကိုတွေ့သွားတော့သည်။သူမဘယ်လောက်ပဲ ပြင်ဆင်ထားထား ဂျောင်ကုအတွက်တော့ သူရဲ့နှလုံးသားတံခါးကိုဖွင့်နိုင်တာကတော့ မီနာတစ်ယောက်ထဲပါဘဲ။

ယွန်းအာ:အာ..ချောနား ရောက်လာပြီဘဲ။

ဂျောင်ကု:အွန်း မယ်တော်ခေါင်ကြီးက လွှတ်လိုက်လို့ပါ။ မိဖုရားဘာများအလိုရှိလို့လဲ။

ဂျောင်ကုရဲ့စကားကြောင့် ယွန်းအာတစ်ယောက် စို့နစ်စွာခံစားလိုက်ရသည်။ သူမခပ်သဲ့သဲ့ပြုံးလိုက်ရင်း

ယွန်းအာ:ကျတော်မျိုးမ ချောနားနဲ့ လက်ထပ်ထားတာ ၁လပြည့်ပါပြီ။ ဒါမဲ့...ချောနား ကျတော်မျိုးမ နန်းဆောင်ကိုတစ်ခါမှမလာခဲ့ပါဘူး။ ချောနားကိုတွေ့ရဖို့က မယ်တော်ခေါင်ကြီးဆီကနေ ပဲရှိတာကြောင့် ကျတော်မျိုးမပြောလိုက်တာပါ။

ဂျောင်ကု:အာ...ချွဲဆောဟယ်ယို မိဖုရားကအထီးကျန်နေခဲ့တာပဲ။ ကိုယ်တော်ဒီညမိဖုရားရဲ့နန်းဆောင်မှာ အိပ်ပါ့မယ်။

ယွန်းအာ:ကိုယ်တော်...ကျမတို့ကြား တခုခုလိုအပ်နေသလိုမခံစားရဖူးလား။

ဂျောင်ကုဒါကိုကြားတော့ ပြုံးလိုက်ရင်း

ဂျောင်ကု:ဘာများလိုအပ်နေလို့လဲ။ မိဖုရားလိုချင်တဲ့အတိုင်း ကိုယ်တော်ရဲ့မိဖုရားဖြစ်နေပြီလေ။ ဘာများလိုအပ်နေသေးလို့လဲ။

ယွန်းအာ:ချစ်ပေးပါ။!...ကျမကိုချစ်ပေးပါ။ အရှင်က ကျမအပေါ်အရမ်းကိုအေးစက်လွန်းပါတယ်။ ကျမကိုနဲနဲလောက်ဖြစ်ဖြစ် ချစ်ပေးပါ။

ဂျောင်ကုခပ်သဲ့သဲ့ပြုံးလိုက်ရင်းနှင့်

ဂျောင်ကု:ဒါက..အမိန့်တစ်ခုပါလား။..ဒါဆိုရင်တော့ မိဖုရားက လောဘကြီးတာဘဲ။ ကိုယ်တော်ကို မိဖုရားပိုင်ပြီးသားပါ။

My Queen (ကျွန်တော်ရဲ့မိဖုရား)Dove le storie prendono vita. Scoprilo ora