စာအုပ်ကိုဖတ်ရင်း ဥည့်နက်သွားသဖြင့် ဂျောင်ကုအပြင်ကိုထွက်လာတော့ မိုးအတော်ချုပ်နေပြီ။ ဒါမဲ့သူဘာကိုမှမစဉ်းစားဘဲ မြင်းကိုယူကာ ဟွမ်နှင့်ယွန်းဂီဆီထွက်လာခဲ့သည်။
ဒုံး...ဒုံး...
ဂျောင်ကု:ဟွမ်!..ယွန်းဂီ..ငါပါ...
အထဲမှ ယွန်းဂီတစ်ယောက် ဂျောင်ကုအသံကိုကြားသည်နှင့် တံခါးသွားဖွင့်ပေးလိုက်သည်။
ယွန်းဂီ:ချောနား...ဒီလိုဥည့်နက်ကြီးကို...
ဂျောင်ကု:ရှာတွေ့ပြီ!..အဲ့စာအုပ်ကို ရှာတွေ့ပြီ!
ဟွမ်တစ်ယောက် အိပ်ချင်မူးတူးနှင့်ထွက်လာတုန်း ထိုစကားကိုလည်းကြားရော မျက်လုံးပြူးသွားကာ
ဟွမ်:ဒဲ့!...ရှာတွေ့ပြီလား? ဒါနဲ့ ဘယ်စာအုပ်လဲ?..
ယွန်းဂီတစ်ယောက် ခဏလောက်စဉ်းစားလိုက်ကာ..
ယွန်းဂီ:အရင်မင်းကြီးရဲ့နေ့စဉ်မှတ်တမ်း!...အဲ့စာအုပ်လား?
ဂျောင်ကုခေါင်းညိမ့်ပြလိုက်ကာ သူတို့အဆောင်ထဲအမြန်ဝင်သွားကြသည်။
ဟွမ်:ဟ! ...ဒီမိန်းမကြီးနောက်ဆုံးတော့အဆုံးသတ်ပြီ။ ချောနား ဘာစောင့်နေအုံးမှာပါလဲ? တစ်ခါထဲဖမ်းပြီး နန်းချပစ်လိုက်တော့...
ယွန်းဂီ:အဲ့လောက်လွယ်ပါ့မလား?...ငါတို့သူ့အတွက် သက်သေလိုက်ပေးမဲ့သူရှာရအုံးမယ်
ဟွမ်:ဒါဆို အဲ့စာအုပ်ကိုပြောပြတဲ့ အထိန်းတော်ကြီးဆီသွားရမှာပေါ့...
ယွန်းဂီ:သူကငါတို့ကိုအဲ့နေ့က နန်းတော်ကိုဘယ်တော့မှပြန်မလိုက်နိုင်ဘူးလို့ ငြင်းလွှတ်လိုက်တာလေ...
ဟွမ်:ဖြောင့်ဖြရမှာပေါ့...အဲ့မိန်းမကြီးကို ဆွဲချဖို့က ဒါကနောက်ဆုံးလက်နက်ပဲဟာ..
ဂျောင်ကု:ကောင်းပြီ ဒါဆို ငါကအမတ်တွေနဲ့တိုင်ပင်ပြီး မယ်တော်ခေါင်ကြီးကို အကျဉ်းချဖို့ပြင်ဆင်လိုက်မယ်...မင်းတို့တွေ အဲ့အထိန်းတော်ကြီးကို ရအောင် ခေါ်ခဲ့!
ယွန်းဂီနှင့်ဟွမ်:ရဲ့...ချောနား...
ဂျောင်ကုတစ်ယောက် နန်းတော်ကိုပြန်ရောက်သည်နှင့် အမတ်တွေအားလုံးကို ညီလာခံနန်းဆောင်တွင် စည်းဝေးခိုင်းလိုက်သည်။ ဒါကြောင့် အမတ်တွေအားလုံး ညီလာခံနန်းဆောင်သို့ အမြန်ရောက်ရှိလာကြရ၏။
BẠN ĐANG ĐỌC
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
