Book 15 Chapter 200

2.6K 94 3
                                    

Uni

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၅) (အပိုင်း - ၄)

အခန်း (၂၀၀) ကျောက်စိမ်းရေကန်သို့နောက်တစ်ခေါက်

တောင်အစွန်းသို့ ရောက်ရှိသည်နှင့် ကျောက်စိမ်းရေကန်က သူ့ကို လက်မခံကြောင်း ကျန်းလန် ခံစားလိုက်ရသည်။

ထို့ကြောင့် ကျန်းလန်မှာ ကျောက်စိမ်းရေကန်တည်ရှိရာတောင်ထိပ်သို့ ခြေမချနိုင်ရှိရသည်။

အမှန်တော့ ကျောက်စိမ်းရေကန်နတ်ဘုရားမ တစ်ပါးတည်းသာ ကျောက်စိမ်းရေကန်ရှိရာတောင်ထိပ်သို့ ဝင်ရောက်ခွင့်ရှိသည်။

ကျန်းလန်က ခေါင်းအနည်းငယ်ငုံ့လိုက်ရင်း…

"ဂိုဏ်းတူအစ်မ…"

ဟု နှုတ်ဆက်စကားဆိုလိုက်၏။

လုန်ယွိက နူးညံ့သိမ်မွေ့သည့်လေသံလေးဖြင့်…

"တောင်ပေါ်ကို လာလို့မရဘူးလား… ဂိုဏ်းတူမောင်လေး…"

ကျောက်စိမ်းရေကန်က ကျန်းလန် ဝင်ရောက်နိုင်ခြင်းမရှိရန် ငြင်းဆန်နေသည်ကို လုန်ယွိ အာရုံခံလိုက်မိသည်။

သူမ ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်လာပြီးကတည်းက မည်သူမှ ကျောက်စိမ်းရေကန်သို့ ခြေချခဲ့ခြင်း မရှိပေ။

လင်စီးယာသည်ပင် တောင်အစွန်းတွင် ဓားစီးပြီးပျံသန်းရင်း သူမနှင့် စကားပြောဆိုခဲ့ကြခြင်း ဖြစ်၏။ သို့သော် ကျောက်စိမ်းရေကန်က မိန်းကလေးများထက် ယောကျ်ားလေးများကို ပိုမို ငြင်းဆန်လေ့ရှိသည်။

ယခင်ကဆိုလျှင် မည်သူမှ အကြောင်းမရှိဘဲ ကျောက်စိမ်းရေကန်သို့ လာရောက်ခြင်း မရှိကြပေ။

ကျောက်စိမ်းရေကန်နတ်ဘုရားမ ထွက်ပေါ်မလာခင်ကဆိုလျှင် ကျောက်စိမ်းရေကန်ဖွင့်ပွဲ ကျင်းပသည့်အချိန်မှလွဲပြီး မည်သူမှ ကျောက်စိမ်းရေကန်ရှိရာတောင်ထိပ်သို့ ခြေချခြင်း မရှိကြပေ။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း...

"ဟုတ်တယ်... ဝင်လာလို့ မရဘူး ဂိုဏ်းတူအစ်မ…"

ကျန်းလန်က ခဏနားပြီး ဆက်ပြောလိုက်သည်။

"အလယ်မှာ ဖြတ်ကျော်လို့မရတဲ့ ချောက်နက်ကြီးတစ်ခု ခြားထားသလို ခံစားရတယ်… ၊ အဲဒါက အစီအရင်လည်း မဟုတ်တော့ ဘယ်လိုချိုးဖျက်ရမှန်း မသိဘူး…"

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Where stories live. Discover now