Book 18 Chapter 249

504 63 6
                                    

Uni

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၈) (အပိုင်း - ၁၁)

အခန်း (၂၄၉) ကိုယ်တွင်းမိစ္ဆာဝင်ခြင်းလား

ကျန်းလန်စကားကို ကြားသည့်အခါ ရှောင်ယွိက သူ့ကို တအံ့တသြဖြင့် လှမ်းကြည့်လိုက်သည်။

ထို့နောက် သူမက မတ်တတ်ရပ်လိုက်ပြီး ရင်ဘတ်ထက်သို့လက်တစ်ဖက်တင်လိုက်ရင်း...

"အခုချိန်ကစပြီး ကျွန်မကလည်း ဂိုဏ်းတူမောင်လေးကို ကာကွယ်ပေးပါ့မယ်"

ပြောပြီးသည်နှင့် သူမက ကျန်းလန်ကို တောက်ပသည့်အပြုံးဖြင့် ပြုံးပြလိုက်သည်။

"ကျွန်မက ဂိုဏ်းတူမောင်လေးထက် အများကြီး... အများကြီး တန်ခိုးစွမ်းအားပိုပြီး မြင့်မားတယ်လေ"

ကျန်းလန်က ရှောင်ယွိကိုကြည့်ရင်း နူးညံ့စွာ ပြောလိုက်သည်။

"နည်းနည်းလေးပဲပိုတာပါ"

"ဘာပဲဖြစ်ဖြစ် ကျွန်မက ဂိုဏ်းတူမောင်လေးထက်တော့ သာတာပဲလေ"

ရှောင်ယွိက ကျန်းလန်းနံဘေးတွင်ဝင်ထိုင်ရင်း ခြေထောက်လေးများကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

ထို့နောက် သူမက ကျန်းလန်ကို မော့ကြည့်လိုက်ရင်း...

"ဒါပေမဲ့ လူတစ်ယောက်က ဘယ်လောက်ပဲတန်ခိုးစွမ်းအား မြင့်မားပါစေ အားနည်းတဲ့အချိန်ဆိုတာတော့ ရှိစမြဲပါပဲ ၊ နောက်ကျ ကျွန်မက ဂိုဏ်းတူမောင်လေးကိုပဲ အားကိုးရမှာ"

ကျန်းလန်က စိတ်ထဲမှပင် ရှောင်ယွိစကားကို ထောက်ခံလိုက်သည်။

ရှောင်ယွိက နောင်တွင် သူမက ကျန်းလန်ကိုသာ အားကိုးမည်ဖြစ်ကြောင်း သူမရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောခဲ့သည်။

သူမစကားကြောင့် ကျန်းလန်ရှင်ထဲ ဖော်မပြနိုင်သည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ဆရာဖြစ်သူ တောင်သခင်အဖြစ်မှ အနားယူသွားချိန်တွင် သူက ဆရာဖြစ်သူကို ကာကွယ်ပေးရန် စီစဉ်ထားသည်။ ထို့အတူ ရှောင်ယွိကိုလည်း သူ ကာကွယ်ပေးရမည် ဖြစ်သည်။

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Where stories live. Discover now