Uni
အခန်း (၃၇၇) ခွန်လွန်တောင်၏ခွင့်ပြုချက်
ယွိယွမ် အနည်းငယ် စိုးရိမ်ပူပန်သွားသည့်တိုင် မည်သို့မှ မတတ်နိုင်ပေ။
သူက ပေဖန်းအနားသို့ တိုးကပ်သွားပြီး...
"ဂိုဏ်းတူအစ်ကိုပေဖန်းလည်း ဒီကိုရောက်နေတာလား"
ပေဖန်းက လမင်းကိုကြည့်နေသည့်အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ယွိယွမ်ကို လှည့်ကြည့်လာသည်။
"ဂိုဏ်းတူညီလေး ယွိယွမ် ၊ မတွေ့တာကြာပြီနော်"
ယွိယွမ်က...
"ဟုတ်ကဲ့... နည်းနည်းတော့ ကြာပါပြီ"
သူ ပေဖန်းကို မလေးမစား မလုပ်ရဲပေ။
ပေဖန်းက...
"ဂိုဏ်းတူညီလေးက မရှိမှုအာကာသအဆင့်တောင် အောင်မြင်ပြီးပြီလား"
ယွိယွမ်က ခေါင်းငုံ့လိုက်ရင်း...
"အင်မော်တယ်ဖြစ်လာဖို့ အများကြီး လိုပါသေးတယ် ၊ ကျွန်တော်က မလောရဲပါဘူး"
သူ့မှာ စိတ်ထဲရှိသည့်အတိုင်းလည်း စကားများကို မပြောရဲပေ။ သူ့ရင်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်လို့နေသည်။
ပေဖန်းက ယွိယန်ကိုကြည့်ပြီး သိမ်မွေ့သည့်လေသံဖြင့်...
"အင်မော်တယ်အဖြစ် အဆင့်တက်တယ်ဆိုတာ ပေါ့သေးသေးကိစ္စ မဟုတ်ဘူး ၊ မင်း အဆင့်တက်ချင်တယ်ဆိုရင်... ဂိုဏ်းတူညီလေးရေ... ပိုပြီး အာရုံစိုက်ရလိမ့်မယ် ၊ မင်းရဲ့ အဆင့်တက်ခြင်း ကျရှုံးမသွားအောင် ကာကွယ်မှုတွေ ပြုလုပ်ရမယ် ၊ မှန်ကန်တဲ့အချိန်ရောက်ပြီဆိုရင်တော့ လုံး၀ အချိန်ဆွဲမနေဘဲ အမြန်သာလုပ်လိုက် ၊ ကြိုပြီးလုပ်မိပြန်ရင်လည်း အကောင်းဆုံးအခွင့်အရေးနဲ့ လွဲချော်သွားတတ်တယ်"
ထိုစကားများကိုကြားတော့မှ ယွိယွမ် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။
သူ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
သူ အင်မော်တယ်အဖြစ် အဆင့်တက်ရောက်ရန် "ခွန်လွန်တောင်၏ခွင့်ပြုချက်" ကို ရရှိပါမည်လား။
BẠN ĐANG ĐỌC
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)
Viễn tưởngMy Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion Original Writer : Red Pepper Afraid Of Spicy Part - 558 + Extra 6 (End) Translated by Zin Pyay Fic Cover - Artist Pann Eain