Uni
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၆) (အပိုင်း - ၉)
အခန်း (၂၁၉) ဓားချက်တိုင်းကကြောက်မက်ဖွယ်
တိုက်ပွဲစသည်နှင့် လုကျန်းက တစ်ဖက်လူကို လှုပ်ရှားခွင့်မပေးဘဲ စတင်တိုက်ခိုက်လိုက်သည်။
သူ့လက်ထဲတွင်ကိုင်ထားသည့် ဓားရှည်မှ ပြင်းထန်သည့်ဓားဝိညာဉ်က အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။
အစစ်အမှန်အင်မော်တယ်တစ်ပါး၏ တန်ခိုးစွမ်းအားများက ရေလွှမ်းမိုးသည့်အလား မြင့်တက်လာပြီး တစ်ဖက်လူကို တစ်စစီစုတ်ဖြဲ နှစ်မြှုပ်ပစ်တော့မည့်အလား ထင်မှတ်ရသည်။
ကျန်းလန် မျက်မှောင်တစ်ချက်ကြုတ်လိုက်၏။
အစစ်အမှန်အင်မော်တယ်များ၏ တိုက်ခိုက်မှုက မယုံကြည်နိုင်စရာ စွမ်းအားပြင်းထန်သည်ကို ကျန်းလန် ရုတ်တရက် အမှတ်ရလိုက်မိသည်။
ရေတွင်းပျက်ကြီးနံဘေးတွင် အစစ်အမှန်အင်မော်တယ်များနှင့် ကျန်းလန် တိုက်ခိုက်ခဲ့ဖူးသည့် မဟုတ်ပါလား။
"ဘုန်း…"
ကြီးမားသည့် တန်ခိုးစွမ်းအားကြီး (၂) ခု ထိခိုက်မိသွားပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ဝုန်းကနဲ ထွက်ပေါ်လာသည်။ တန်ခိုးစွမ်းအားများ ပြင်းထန်လွန်းသဖြင့် မြေပြင်တစ်ခုလုံး သိမ့်သိမ့်တုန်သွား၏။
"ဝှစ်…"
တန်ခိုးစွမ်းအားများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ကျန်းလန်က ပေါက်ကွဲထွက်လာသည့် တန်ခိုးစွမ်းအားများကို ြက်ည့လိုက်သည်။
ရင်ပြင်ထက်တွင် တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်ခြင်းကို ကာကွယ်ပေးမည့် အရံအတားများ ၊ အစီအရင်များ ပြုလုပ်ထားခြင်း မရှိပေ။
"စိန်ခေါ်ပွဲကိုကြည့်နေကြသူတွေ မစိုးရိမ်ကြဘူးလား" ဟု ကျန်းလန် တွေးလိုက်၏။
သို့သော် မကြာမီ အဖြေကို ကျန်းလန် သိလိုက်သည်။
ရင်ပြင်ရှေ့တွင် အစစ်အမှန်အင်မော်တယ်တစ်ပါး မတ်တတ်ရပ်လျှက် ရှိနေပြီး ပေါက်ကွဲထွက်လာသည့် တန်ခိုးစွမ်းအားလှိုင်းလုံးများကို ပွဲကြည့်ပရိတ်သတ်ထံ မရောက်ရှိအောင် တားဆီးပေးနေသည်။
YOU ARE READING
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)
FantasyMy Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion Original Writer : Red Pepper Afraid Of Spicy Part - 558 + Extra 6 (End) Translated by Zin Pyay Fic Cover - Artist Pann Eain