Book 15 Chapter 201

670 70 9
                                    

Uni

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၅) (အပိုင်း - ၅)

အခန်း (၂၀၁) မင်းထင်သလိုမဟုတ်ဘူး

"ဟား…"

ရှောင်ယွိ ပါးစပ်ကိုဟလိုက်ပြီး သွားစွယ်များကို ဖြဲပြလိုက်သည်။

သူမက သစ်ပင်အမြစ်တွင် တွယ်ကပ်နေသည့် တီကောင်ကို ကြောက်ရွံ့သွားစေရန် ကြိုးစားနေခြင်း ဖြစ်၏။

"ဂိုဏ်းတူအစ်မ… နဂါးဟိန်းသံလုပ်မှရမှာနော်… ၊ အဲဒါမှ နဂါးအရှိန်အဝါနဲ့ အဲဒီအကောင်သေသွားမှာ…"

ကျန်းလန်၏ အသံထွက်ပေါ်လာသည်။

ကျန်းလန်က ရှောင်ယွိကို ကျောခိုင်းထားရင်းဖြင့် ဘာမှတ်မတတ်နိုင်ဟန်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

"ဂိုဏ်းတူမောင်လေး လုံး၀ ခိုးနားမထောင်ရဘူးနော်… ၊ အဲဒါဆို နဂါးဟိန်းသံလုပ်ဖို့ ကျွန်မ သဘောတူတယ်…"

ရှောင်ယွိက သူမကို ကျောခိုင်းထားသည့် ကျန်းလန်ကိုကြည့်လိုက်ပြီး နှုတ်ခမ်းစူရင်း ပြောလိုက်သည်။

သူမက ကျန်းလန်ကို ခိုးနားမထောင်ရန်သာပြောပြီး နားများကို ပိတ်ထားရန် မပြောခဲ့ပေ။ ထို့ကြောင့် ကျန်းလန်ကလည်း နားများကို ပိတ်ဆို့ထားခြင်း မပြုလုပ်ဘဲ နားစွင့်နေခဲ့၏။

ထို့နောက် ရှောင်ယွိက လုန်ယွိပုံစံ ပြန်ပြောင်းရန် ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် လုန်ယွိပုံစံ ပြန်မပြောင်းခင် သူ့ကို ကျောခိုင်းထားသည့် ကျန်းလန်ရှေ့သို့ ရှောင်ယွိက ဘေးမှပတ်ပြီး ပြေးသွားလိုက်သည်။

တီကောင်ကို မဖယ်ရှားဘဲ သူ့ထံပြေးလာသည့် ရှောင်ယွိကို တွေ့ရသည့်အခါ ကျန်းလန် ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

သူက အနည်းငယ် မှင်တက်သွားရင်း…

"တီကောင်ကို ဖယ်ပြီးပြီလား…"

ဟု မေးလိုက်၏။

ရှောင်ယွိ တီကောင်ကို ဖယ်ရှားလိုက်သည်ဆိုလျှင် သူလည်း နဂါးဟိန်းသံတစ်ချက်မှ မကြားလိုက်ရပါလား။

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Where stories live. Discover now