Book 28 Chapter 389

299 33 1
                                    

Uni

အခန်း (၃၈၉) ကျန်းလန်ကအသုံးမကျဘူးလား


လက်ထဲတွင် မရဏလှံရှည်ကိုကိုင်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်တစ်ခုလုံး မရဏအငွေ့အသက်များ ဖုံးလွှမ်းသွားသလို ခံစားလိုက်ရသည်။

သူ့စိတ်က အဆက်မပြတ်တုန်လှုပ်နေသည်။ သတိထားကာ စိတ်ထိန်းမထားလျှင် သူ့စိတ်အတက်အကျများစွာ ဖြစ်ပေါ်လာနိုင်သည်။

တစ်ချိန်တည်းမှာပင် အဆုံးမရှိသည့် အသူရာချောက်နက်ကြီးအတွင်းမှ အော်သံများထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

တစ်စုံတစ်ရာမှားယွင်းသွားသည်နှင့် အခြေအနေများက ပြောင်းပြန်ဖြစ်သွားပြီး အန္တရယ်အတွင်းသို့ ကျရောက်သွားနိုင်သည်။

"ယှဉ်ပြောရမယ်ဆိုရင် ငရဲတံခါးထက်တောင်ပိုပြီး အန္တရယ်များသေးတယ်"

ကျန်းလန် တွေးလိုက်သည်။

သူက မရဏလှံရှည်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး မရဏအငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားလေသည်

ထို့ပြင် လှံရှည်က ကြီးမားသည့် တန်ခိုးစွမ်းအားများကိုလည်း ထုတ်လွှတ်နိုင်စွမ်း ရှိသည်။

သူက ပိုမိုတည်ငြိမ်လေလေ တန်ခိုးစွမ်းအားက ပိုမိုမြင့်မားလာလေလေ ဖြစ်ပြီး လှံရှည်၏ မရဏအငွေ့အသက်များက ဧရိယာတစ်ခုလုံးသို့ သက်ရောက်မှုရှိသည်။

"နွားရိုင်းကိုးကောင်စွမ်းအားနဲ့ယှဉ်ရင်တော့နည်းနည်းနိမ့်တယ် ၊ ဒါပေမဲ့ တန်ခိုးစွမ်းအားက မတိမ်းမယိမ်းပဲ ၊ အထူးသဖြင့် ဒီလှံရှည်က ဧရိယာတစ်ခုလုံးကို တိုက်ခိုက်နိုင်စွမ်းရှိတယ်"

မရဏလှံရှည်ကို အချိန်အတန်ကြာ သုတေသနပြုပြီးနောက် ကျန်းလန် နားလည်သွားတော့သည်။

မရဏလှံရှည်က အနက်ရောင်အတိဖြစ်ပြီး အေးစက်သည့်အငွေ့အသက်များထုတ်လွှတ်လျှက် ရှိသည်။ ရင်ဆိုင်ရသူအားလုံး၏ရင်ထဲတွင် အကြောက်တရားကို စွဲထင်စေမည် ဖြစ်သည်။

အမှန်တကယ်ပင် အန္တရယ်များလွန်းသည့် မှော်ဝင်လက်နက်တစ်ခု ဖြစ်သည်။ ထိုလှံရှည်အနားတိုးကပ်မိသည်နှင့် ချက်ချင်းပင် ကိုယ်တွင်းမိစ္ဆာ မွေးဖွားလာမည် ဖြစ်သည်။

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Donde viven las historias. Descúbrelo ahora