Book 27 Chapter 376

296 36 0
                                    

Uni

အခန်း (၃၇၆) သူလျှိုတစ်ယောက်၏ကျင့်စဉ်လမ်း


ညနေပိုင်းအချိန်။

နဝမတောင်ထွတ်ရှိ မက်မွန်တောပတ်ဝန်းကျင်တွင် လူပေါင်းများစွာ ရောက်ရှိနေကြသည်။

မွန်မွန်တောအတွင်းမှ အသံများထွက်ပေါ်နေသည်ကို သူတို့အားလုံး ကြားကြရသည်။ ကြောက်ရွံ့မှု ၊ နာကျင်မှုနှင့် စိတ်ပျက်မှုများကြောင့် ထွက်ပေါ်လာသည့် အသံများ ဖြစ်၏။

ထို့နောက် အသံများ ပြန်လည်တိတ်ဆိတ်သွားသည်။

သို့သော်...

မက်မွန်တောအပြင်ဘက်သို့ မည်သူမှ ပြန်ထွက်မလာကြပေ။

ဝင်္ကပါထဲ ဝင်ရောက်သွားသူများမှာ အဆင့်မြင့်ကျင့်ကြံသူများဖြစ်ကြပြီး သတ္တိနှင့်လည်း ပြည့်စုံကြသည်။

သို့တိုင်...

သူတို့ အပြင်သို့ ပြန်ထွက်မလာနိုင်ခဲ့ကြပေ။

မက်မွန်ဝင်္ကပါသည် ချောက်နက်ကြီးတစ်ခုအလား ဝင်ရောက်သွားသူများအားလုံးကို ပြန်ထွက်မလာနိုင်အောင် စုပ်ယူသွားသည်။ ရံဖန်ရံခါတော့ အထဲမှ စိတ်ပျက်လက်ပျက် အော်ဟစ်သံများ ကြားရလေ့ရှိ၏

အချိန်အများစုတွင်တော့ မက်မွန်တောတစ်ခွင်သည် ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်နေလေသည်။

တပည့်တစ်ယောက်က...

"ဂိုဏ်းတူအစ်ကိုယွိယွမ် ၊ ဒီ ဝင်္ကပါအစီအရင်က ဘယ်အဆင့်မှာ ရှိတာလဲ ၊ အထဲဝင်သွားတဲ့ ဂိုဏ်းတူအစ်ကိုတွေက ဘာလို့ ထွက်မလာကြတော့တာလဲ ၊ ကြည့်ရတာ ဒီဝင်္ကပါက ထွက်ပေါက်မရှိတဲ့အစီအရင်မျိုးလား"

အခြားတပည့်တစ်ယောက်က...

"ဟုတ်တယ် ၊ ကျုပ်တို့ ဒီနေရာမှာ ရပ်နေတာတောင် အန္တရယ်ကင်းရဲ့လား မသိဘူး"

"ဘာပြဿနာမှ မရှိလောက်ပါဘူးကွာ ၊ အထဲမဝင်သရွေ့ ဘာပြဿနာမှ မရှိဘူးလို့ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကို ပြောသွားတယ်မဟုတ်လား ၊ အဓိပ္ပါယ်ကတော့ ဝင်္ကပါအစီအရင်က ကျုပ်တို့ရပ်နေတဲ့နေရာအထိ ချဲ့ထွင်မလာနိုင်ဘူးလို့ ဆိုလိုတာပဲ"

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)حيث تعيش القصص. اكتشف الآن