Book 16 Chapter 221

498 62 1
                                    

Uni

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၆) (အပိုင်း - ၁၁)

အခန်း (၂၂၁) လာရောက်ကြည့်ရှုသူအများဆုံးစိန်ခေါ်ပွဲ

"ဂိုဏ်းတူမောင်လေး… စိန်ခေါ်ပွဲအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရဲ့လား"

သန့်ရှင်းရေးလုပ်ပြီးခါနီးတွင် ရှောင်ယွိက မေးလာသည်။

သူမ ကျန်းလန်ကိုေ မးခွန်းပေါင်းများစွာ မေးခဲ့သော်လည်း ယခုမေးခွန်းကတော့ သူမ အသိချင်ဆုံး မေးခွန်းတစ်ခု ဖြစ်၏။ သို့ပေသိ ကျန်းလန် စိတ်ထိခိုက်နာကျင်မည်ကို စိုးရိမ်သည်ကြောင့် အရမ်းကာရောလည်း ပွင့်ပွင့်လင်းလင်းကြီး မမေးမြန်းရဲခဲ့ပေ။

ကျန်းလန် ရင်ဆိုင်ရမည့်သူက လူသားအင်မော်တယ်အဆင့် အောင်မြင်ထားသူ ဖြစ်လေရာ ကျန်းလန်နှင့် အဆင့်ချင်းက ကမ္ဘာခြားလျှက် ရှိသည်။

ကျန်းလန်က…

"ကိုယ် အကောင်းဆုံး ကြိုးစားမှာပါ"

ရှောင်ယွိက  သူမ၏မေးဖျားလေးကို တံမြက်စည်းလက်ကိုင်ဖြင့်ထောက်ထားရင်း နှုတ်ခမ်းစူကာ ပြောလိုက်သည်။

"ဂိုဏ်းတူမောင်လေးက အမြဲတမ်း ဒီအတိုင်းပဲနော်... မေးလိုက်ရင် မပြတ်မသားနဲ့ ပြန်ဖြေတယ်…"

ကျန်းလန်က…

"ဘာလို့လဲဆိုတော့ ကိုယ်က … ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလို့ပေါ့ ဂိုဏ်းတူအစ်မရယ်…"

သူ ဤစကားကို မပြောချင်ပေ။

သို့သော် သူတို့က စေ့စပ်ထားသူများဖြစ်သောကြောင့် ထူးခြားသည့်ဆက်ဆံရေးရှိလေရာ ပွင့်ပွင့်လင်းလင်း ပြောရန် လိုအပ်၏။  မည်သည့်ကိစ္စမဆို ရိုးသားရမည် ဖြစ်လေသည်။

တကယ်လည်း ကျန်းလန် သူ့ကိုယ်သူ ယုံကြည်မှု သိပ်မရှိပေ။

လုန်မန်က လူသားအင်မော်တယ်အဆင့် အောင်မြင်ပြီးသူဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကျန်းလန်နှင့်တူညီအောင် လျှော့ချယှဉ်ပြိုင်မည် ဖြစ်သည်။ သို့တိုင်အောင် အများအမြင်တွင် သူတို့ (၂)ယောက်၏ ကျင့်ကြံခြင်းအဆင့်က ကမ္ဘာခြားနေဆဲ ဖြစ်၏။

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ