Book 23 Chapter 317

419 55 1
                                    

Uni

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၂၃) (အပိုင်း - ၉)

အခန်း (၃၁၇) ကလေးက ဥခွံမှမွေးမည်လား

“ဂိုဏ်းတူအစ်မ ၊ ကျန်းလန် အဆုံးထိနေနိုင်မယ်လို့  ဘယ်လိုလုပ် ခန့်မှန်းမိတာလဲ"

အပြန်လမ်းတွင် ကျူးချင်က မြောင်ယွဲ့ကို မေးလိုက်သည်။

မြောင်ယွဲ့က ခပ်သဲ့သဲ့ရယ်မောရင်း...

"ငါလည်း ဒီအတိုင်းမှန်းကြည့်တာပါ"

ကျူးချင်က...

"ဒါဖြင့် ဂိုဏ်းတူအစ်မက ဘယ်အချက်အပေါ် အခြေခံပြီး မှန်းကြည့်တာလဲ"

သူမက ကျန်းလန်အကြောင်း သိပ်မသိရှိပေ။

လုန်ယွိကတော့ ရံဖန်ရံခါ ကျန်းလန်အကြောင်း ပြောပြတတ်သည်။

သို့သော် သူမ ပြောသမျှစကားများထဲတွင် ကျန်းလန်က တစ်ယောက်တည်းနေထိုင်သည့် အဘိုးကြီးတစ်ယောက်နှင့်တူသည်ဆိုသည့်အချက်က အများစုပါဝင်သည်။

လုန်ယွိက ထိုသို့ ပြောလေ့ရှိသည့်တိုင် ကျန်းလန်နှင့်အတူရှိရသည်ကို သဘောမကျဟန် မပြပေ။ကျန်းလန်နှင့် လုန်ယွိ အတော်လေး နီးစပ်နေကြပြီကို ကျူးချင် ရိပ်မိသည်။

စိတ်ချင်းအတော်လေးရင်းနှီးနေကြပြီ ဖြစ်လေရာ လက်ထပ်ပြီး၍ ခန္ဓာကိုယ်ချင်းရင်းနှီးကြရာဝယ် အတားအဆီး မရှိနိုင်တော့ပေ။

မည်သို့ပင်ဖြစ်စေ ကျန်းလန် နောက်ဆုံးအချိန်ထိ မှော်ရုံနယ်မြေထဲတွင် နေနိုင်မည်ဟု မြောင်ယွဲ့က မည်သို့ ခန့်မှန်းမိသည်ကို သူမ နားမလည်နိုင်သေးပေ။

မြောင်ယွဲ့က ကျူးချင်ကို လှည့်ကြည့်လိုက်ရင်း...

"ဂိုဏ်းတူညီမလေးအမြင်မှာ ကျန်းလန်ရဲ့ ကိုယ်ရည်ကိုယ်သွေး ဘယ်လိုရှိတယ်လို့ ယူဆသလဲ"

ကျူးချင်က...

"တစ်ယောက်တည်းနေတတ်တယ်"

မြောင်ယွဲ့က ခေါင်းညိတ်လိုက်ရင်း…

"အင်း… အနည်းနဲ့အများပေါ့လေ"

မြောင်ယွဲ့က ဆဋ္ဌမတောင်ထွတ်သို့ ဦးတည်သွားရင်း စကားဆက်ပြောသည်။

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Where stories live. Discover now