Book 19 Chapter 257

483 69 18
                                    

Uni

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၉) (အပိုင်း - ၅)

အခန်း (၂၅၇) ယောက်ဖရေ ကယ်ပါဦး
 
အနောက်ဘက် စွန့်ပစ်နယ်မြေ ၊ ခွန်လွန်တောင်နှင့် မနီးမဝေးတစ်နေရာ။

လူငယ်လေးတစ်ယောက်က တစ်ကိုယ်လုံးသွေးများနှင့်ဖုံးလွှမ်းနေသည့် လူရွယ်တစ်ယောက်ကို ကျောပိုးရင်း လျှင်မြန်စွာ လမ်းလျှောက်လာနေသည်။

လူငယ်၏ အသက်ရှူသံများက ပရမ်းပတာဖြင့် မောဟိုက်နေပြီး လူရွယ်ကတော့ အချိန်မရွေး သေဆုံးသွားတော့မည့်ပမာ အားနည်းဖျော့တော့လျှက် ရှိသည်။

"ဦးလေးလုန်ရဲ့ အားတင်းထားဗျ ၊ ကျွန်တော်တို့ ခွန်လွန်တောင်နဲ့ တဖြည်းဖြည်း နီးလာပြီ ၊ ခွန်လွန်တောင်နားကိုရောက်တာနဲ့ မိုးကောင်းကင်အင်မော်တယ်တွေတောင် ကျွန်တော်တို့နောက် လိုက်လာရဲတော့မှာ မဟုတ်ဘူး ၊ အစစ်အမှန်အင်မော်တယ်တွေဆိုတာတော့ ပြောမနေနဲ့တော့ ၊ မကြာခင် ကျွန်တော်တို့ အကူအညီ တောင်းနိုင်တော့မှာပါ"

လုန်မန်၏အသံက သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသည့် လုန်ရဲ့နားထဲသို့ ဝင်ရောက်လာသည်။

လုန်ရဲ့ အားတင်းပြီး စကားပြောလိုက်သည်။

"လုန်မန်… ကျုပ်ကို ထားခဲ့တော့ ၊ မင်းသာ လွတ်အောင်ပြေး"

"မလုပ်နိုင်ဘူး"

လုန်မန် နောက်သို့ လှည့်ကြည့်လိုက်သည်။

သူတို့နောက်မှ လိုက်လာသူများ တဖြည်းဖြည်းနီးကပ်လာပြီဟု သူ ခံစားလိုက်ရသည်။

ထို့နောက် သူ့ခြေထောက်အောက်တွင် လျှပ်စီးကြောင်းများထွက်ပေါ်လာပြီး မြန်နှုန်းကို မြှင့်တင်လိုက်သည်။

သူ့တွင်ရှိသမျှ မှော်ဝင်ပစ္စည်းများနှင့် လျှို့ဝှက်တန်ခိုးစွမ်းအားများအားလုံးကို အသုံးပြုခဲ့ပြီးပြီ ဖြစ်လေရာ သူ့တွင် နောက်ထပ်ထုတ်သုံးစရာ ဘာဝှက်ဖဲမှ မကျန်ရှိတော့ပေ။

အခြားသူများကို မည်သို့အကူအညီတောင်းရမည်လဲ သူ မသိရှိပေ။

သို့သော် လုန်မန်က ဆုံးဖြတ်ချက်ခိုင်မာသည့် လေသံဖြင့်…

"ဘာတွေပဲ ဖြစ်လာဖြစ်လာ ကျွန်တော် ဦးလေးကို မထားခဲ့ဘူး"

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Where stories live. Discover now