Uni
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၂၆) (အပိုင်း - ၈)
အခန်း (၃၅၈) သေပြီးသားလူတွေနဲ့ ဘာဆွေးနွေးရဦးမှာလဲ
မော့ကျန်းသုန့်က တိတ်ဆိတ်ငြိမ်သက်စွာပင် ရေတွင်းပျက်ကြီးကို ကြည့်နေသည်။ရေတွင်းပျက်ကြီးက နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ရာဖြစ်သလို မရဏလောကနှင့် ချိတ်ဆက်ထားသည့် သေးငယ်သောအက်ကွဲကြောင်းလေးတစ်ခု ဖြစ်ပေါ်နေသည်။
ထိုနေရာမှ မရဏသားရဲတစ်ကောင်ခန့် ထွက်လာနိုင်ခြေရှိသေးသည်။
သို့သော် ထိုအချက်က ပြဿနာ မဟုတ်ပေ။
မော့ကျန်းသုန့်က တောအုပ်တစ်ဖက်ဆီသို့ အသာလှမ်းကြည့်လိုက်ရင်း ခပ်တိုးတိုးလေသံဖြင့်…
"အရင်ကဆိုရင်တော့ ခွန်လွန်တောင်က ဒီလိုကိစ္စတွေကို မျက်ကွယ်ပြုထားလိမ့်မယ် ၊ ဒါပေမဲ့ အခုတော့ အခြေအနေတွေက မတူတော့ဘူး ၊ မတည်မငြိမ်ဖြစ်စေမယ့်အရာတွေအားလုံးကို ကျုပ်တို့က ချေမှုန်းပစ်ရမှာပဲ"
သူ့စကားဆုံးသွားသည်နှင့် အဖြူရောင်ဝတ်ဆင်ထားသည့် နတ်လူသားမျိုးနွယ်လူရွယ်က လေထဲသို့ ပျံသန်းထွက်ပေါ်လာသည်။
သူက လေထဲတွင် မတ်တတ်ရပ်ရင်း…
"ခွန်လွန်တောင် ၊ အဓိကတောင်ထွတ်ကြီး (၉)ခုက တောင်သခင်တွေက တကယ်ထူးခြားတာပဲ ၊ အရင်က ခွန်လွန်တောင်က ဒီလောက် အင်အားမကြီးပါဘူး ၊ မင်းတို့တွေ ခွန်လွန်တောင်ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ အရာအားလုံးက ပြောင်းလဲသွားတာပဲ"
သူက မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ပြီး…
"ဒါပေမယ့် ကျုပ်သိချင်တာနဲ့ပတ်သက်ပြီး အဖြေကို အခုပဲ သိလိုက်ရပါပြီ ၊ ဒီတော့ ကျုပ်က တောင်သခင်ကို အကြံတစ်ခုပေးချင်ပါတယ် ၊ အနာဂတ်မှာ ကျုပ်တတ်နိုင်တာ…"
"ဟူး…"
နတ်လူသားမျိုးနွယ်မှာ သူ့စကားပင် ဆုံးအောင်မပြောလိုက်နိုင်ပေ။
မမြင်ရသည့် လက်ကြီးတစ်ဖက်က သူ့ထံရောက်ရှိလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖမ်းဆုပ်လိုက်သောကြောင့် ဖြစ်သည်။
YOU ARE READING
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)
FantasyMy Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion Original Writer : Red Pepper Afraid Of Spicy Part - 558 + Extra 6 (End) Translated by Zin Pyay Fic Cover - Artist Pann Eain