Book 17 Chapter 238

480 64 9
                                    

Uni

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၇) (အပိုင်း - ၁၄) နောက်ဆုံးပိုင်း

အခန်း (၂၃၈) ရန်သူကိုသတ်ဖြတ်ခြင်း

အနက်ရောင်အခိုးအငွေ့များ မြင့်တက်လာသည်။

ထိုအခိုးအငွေ့များက ရေခဲပုဇဉ်းရင်ကွဲတောအုပ်ကို လောကကြီးမှ သီးခြားခွဲထုတ်ရန် ဖိအားပေးနေသည်။ သို့သော် လူတစ်ယောက်၏ စိတ်အာရုံတွင်သာ သီးခြားခွဲထွက်သွားသည်ဟု ခံစားရခြင်းဖြစ်ပြီး အမှန်တကယ် လောကကြီးမှ ခွဲထွက်သွားခြင်းမျိုး မဟုတ်ပေ။

ကျန်းလန်က အကူအညီတောင်းခံသည့် ဓားဝိညာဉ် ထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာကို တစ္ဆေချီစွမ်းအားများက ဖိနှိပ်ထားကြောင်း ကျန်းလန် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

အနက်ရောင်အခိုးအငွေ့များက အခြားသူများ၏ တန်ခိုးစွမ်းအားများကို စုပ်ယူဆွဲမျိုလျှက် ရှိသည်။

"အဲဒီဘက်က အခြေအနေတွေက မရိုးရှင်းဘူး ၊ သူတို့အကူအညီတောင်းတာ အောင်မြင်နိုင်ပါ့မလား သိချင်လိုက်တာ"

အမှန်တော့ ဓားဝိညာဉ်၏ အကူအညီတောင်းခံမှုက မအောင်မြင်ခဲ့ပေ။

သူကသာ ရေခဲပုဇဉ်းရင်ကွဲတောအုပ်အတွင်းသို့ ရောက်ရှိနေသဖြင့် ဓားဝိညာဉ်ကို  သတိပြုလိုက်မိခြင်း ဖြစ်သည်။

"သွားကြည့်လိုက်မယ် ၊ တတ်နိုင်မယ်ဆိုရင်တော့ ဒီအနက်ရောင်အခိုးအငွေ့တွေ ထွက်ပေါ်လာတဲ့ ရင်းမြစ်ကို ဖျက်စီးပစ်ရမယ်"

"ငါ့တစ်ယောက်တည်း မတတ်နိုင်ရင်တော့ တောင်ပေါ်ပြန်ပြီး အကူအညီတောင်းရမယ်"

ဤနေရာမှ အခြေအနေကို ခွန်လွန်တောင်မှလူများသိရှိသွားလျှင် အကူအညီတောင်းရန် ပိုမိုအဆင်ပြေနိုင်သည်။

အခြေအနေစစ်ဆေးကြည့်ရန် ကျန်းလန် ရှေ့ဆက်လျှောက်သွားသည်။ နောက်မှ မီးစင်ကြည့်ကရပေမည်။

သူက အကူအညီတောင်းခံသည့်ဓားဝိညာဉ်ထွက်ပေါ်လာရာနေရာသို့ ခပ်ဖြည်းဖြည်းပင် လမ်းလျှောက်သွားရင်း ကြိုတင်ပြင်ဆင်မှုများကိုလည်း ဖြည်းဖြည်းချင်း လုပ်ဆောင်သွားသည်။

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Opowieści tętniące życiem. Odkryj je teraz