Uni
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၈) (အပိုင်း - ၂)
အခန်း (၂၄၀) တစ်ယောက်တည်းဖြင့်တစ္ဆေကျင့်ကြံသူ(၅၀၀)ကိုသတ်ဖြတ်
မြောင်ယွဲ့က စစ်တုရင်ခုံကိုကြည့်ရင်း ပြုံးလိုက်သည်။"ဒါပေမဲ့ အခု ကျွန်မတို့လူတွေက အသာစီးရနေပြီဆိုတာ တွေ့တယ်မလား"
သူမက ဆက်ပြောလိုက်သည်။
"ကျွန်မတို့လူတွေက တစ္ဆေတံခါးနားကို ရောက်ခါနီးနေပြီနော် ၊ ရှင်တို့လူတွေ တစ္ဆေတံခါးကိုတောင် ဖွင့်နိုင်ပါတော့မလား"
အနက်ရောင်အခိုးအငွေ့များထဲမှ တစ္ဆေမျက်နှာကြီးက အကြောက်အလန့်ကင်းမဲ့စွာ ရယ်မောလိုက်ရင်း…
"မင်းတို့လူသားတွေက သိပ်အတွေးများတာပဲ"
သူက ဆက်ပြောသည်။
"ကျုပ်တို့ တစ္ဆေစစ်သည်တော်တွေက အများကြီးပဲ ၊ ပြီးတော့ အားလုံးကသန်မာတဲ့ခန္ဓာကိုယ်တွေ ပိုင်ဆိုင်ထားကြတယ် ၊ မင်းတို့ဘက်က လူ (၅)ယောက်ပဲ ရှိတာလေ ၊ မင်းတို့တပည့် (၅)ယောက်က တစ္ဆေစစ်သည်တော် အယောက် (၅၀၀)ကို တိုက်ခိုက်နိုင်မှာတဲ့လား ၊ ပြီးတော့ မင်းတို့ဘက်က တောင့်ခံနိုင်တယ်ဆိုရင်တောင်မှ အချိန်တိုအတွင်း ကျုပ်တို့လူတွေအားလုံးကို သတ်ပစ်နိုင်မယ် မထင်ဘူး"
မြောင်ယွဲ့က ရယ်မောလိုက်ရင်း…
"ရှင်က တကယ်ပဲ ဦးနှောက်မသုံးတော့ဘူးလား"
အနက်ရောင်အခိုးအငွေ့များကြားထဲမှ မျက်နှာကြီးက နက်ရှိုင်းသည့်အသံဖြင့်…
"မင်းတို့လူသားတွေက တကယ့်ကို ကြောင်သူတော်တွေပဲ… ဒီတော့ ကျုပ်တို့ကို ငတုံးလို့ချင်ရင်လည်း ထင်နိုင်ပါတယ်"
ကျိုးကျုန်းထျန်းက…
"မင်းတို့က တကယ်လည်း ငတုံးတွေပဲလေ"
တစ္ဆေမျက်နှာကြီး…
"…………"
ကျိုးကျုန်းထျန်း၏ စကားကြောင့် တစ္ဆေမျက်နှာကြီး ဆွံ့အသွားသည်။
လျိုကျင်းက စစ်တုရင်ခုံကို လှမ်းကြည့်လိုက်ပြီး…
"မင်း သတိမထားမိဘူးလား ၊ သူတို့က (၅)ယောက်တည်းဆိုပေမယ့် တစ္ဆေကျင့်ကြံသူတစ်ဝက်လောက်ကို သတ်ပစ်လိုက်ကြပြီ"
BẠN ĐANG ĐỌC
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)
Viễn tưởngMy Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion Original Writer : Red Pepper Afraid Of Spicy Part - 558 + Extra 6 (End) Translated by Zin Pyay Fic Cover - Artist Pann Eain