Book 22 Chapter 296

530 52 4
                                    

Uni

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၂၂) (အပိုင်း - ၂)

အခန်း (၂၉၆) သုံးလောင်းပြိုင်

ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်ကျင့်စဉ်ကို လေ့လာပြီးနောက် ကျန်းလန် စြင်္ကံလမ်းအတိုင်း လမ်းလျှောက်လာခဲ့သည်။

နေရာတိုင်းတွင် ဥမင်များ ၊ ရင်ပြင်များနှင့် အခန်းများ ရှိနေပြီး မှော်ရုံနယ်မြေပြုလုပ်ထားပုံက အတော်လေး ရှုတ်ထွေးသည်။

မှော်ရုံနယ်မြေထဲ လမ်းပျောက်အောင်သွားလာရန်ပင် ကျန်းလန်အတွက် မလွယ်ကူလှပေ။ သို့သော် ဤနေရာက ထူးခြားသည့် အပြင်အဆင်များ ရှိမနေဘဲ တိုက်ခိုက်ရန်အတွက်သာ သီးသန့် ပြုလုပ်ထားဟန် ရှိသည်။

ကျန်းလန် စြင်္ကံလမ်းအတိုင်း ဖြည်းညင်းစွာ လမ်းလျှောက်လာရန် ရုတ်တရက် လူတစ်ယောက်နှင့် ပက်ပင်းတိုးမိသည်။

ထိုသူက မည်သည့်အင်အားစုမှ တပည့်ဖြစ်ကြောင်း မသိရှိရပေ။ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးများကတော့ အနီရောင်တောက်ပလျှက် ရှိသည်။

ကျန်းလန်ကိုတွေ့သည်နှင့် ထိုလူငယ်၏ နှုတ်ခမ်းများ ဖြူဖပ်ဖြူလျော် ဖြစ်သွားပြီး အနည်းငယ် တုန်ယင်သွားသည်။ သူ့ကို ကြည့်ရသည်မှာ တစ်ခုခုကို စိုးရိမ်ပူပန်နေဟန်ပင်။ မရှိမှုအာကာသ ၊ ကနဦးအဆင့် ဖြစ်၏။

ကျန်းလန်ကိုတွေ့သည်နှင့် လူငယ်က ချက်ချင်းပင် သတိထားလိုက်ပြီး တိုက်ခိုက်ရန် အသင့်အနေအထား ပြင်ဆင်လိုက်သည်။

သူက ဘယ်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်ရင်း…

"ကျုပ်… ကျုပ် ဒီလမ်းအတိုင်းသွားမလို့"

ကျန်းလန်က ညာဘက်သို့ လက်ညှိုးညွှန်ပြရင်း…

"ကျုပ်က ဒီဘက်သွားမယ်"

အနက်ရောင်ဝတ်လူငယ်က နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ကျန်းလန်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း…

"ဒါဖြင့် ကျုပ် ခင်ဗျားကို မနှောက်ယှက်တော့ဘူး"

ထို့နောက် ဘယ်ဘက်စြင်္ကံအတိုင်း လမ်းလျှောက်သွားပြီး ပျောက်ကွယ်သွားသည်။ ကျန်းလန်ကတော့ ညဘက်သို့ ဆက်လျှောက်လာခဲ့၏။

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Where stories live. Discover now