Uni
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၅) (အပိုင်း - ၁၃)
အခန်း (၂၀၉) သတ်ပွဲ
ကျန်းလန်၏ စကားသံကိုကြားသည်နှင့် သက်လတ်ပိုင်းလူရွယ် ကြောက်ရွံ့သွားပြီး မသိမသာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။သို့သော် ခံစားလိုက်ရသည့် အရှက်တရားနှင့် ဒေါသကြောင့် သူက ကျန်းလန်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားဝင်ရောက်လာသည်။
ထိုသူက လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး ရှိသမျှစွမ်းအားကုန် ထုတ်လိုက်သည်။
"ဂရား…"
လောကတစ်ခုလုံး တုန်လှုပ်သွားစေသည့် ကြုံးဝါးသံကြီးထွက်ပေါ်လာသည်။
ချက်ချင်းပင် သက်လတ်ပိုင်းလူရွယ်က ပေ (၁၀၀)ခန့်မြင့်မားသည့် ဧရာမဝက်ဝံကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။
"လူသား… မင်းက အတော်လေး မာန်တက်နေပါလား…"
စကားသံနှင့်အတူ အနက်ရောင်ဝက်ဝံကြီး၏ လက်သီးချက်က ကျန်းလန်ထံသို့ ကျရောက်လာသည်။ သူက ကျန်းလန်ကို မြေကြီးထဲ နစ်ဝင်သွားသည်အထိ ထုနှက်ပစ်လိုက်မည်ဟု စိတ်ကူးထား၏။
ကျန်းလန်ကို အနိုင်မယူနိုင်သည့်တိုင် ဒဏ်ရာရသွားအောင်တော့ ပြုလုပ်နိုင်မည်ဟု ယုံကြည်ထားသည်။
သူ လုပ်ရမည်မှာ သူတို့တပ်မှူးရောက်လာသည်အထိ အချိန်ဆွဲရမည် ဖြစ်သည်။
သို့သော်…
"ဘန်း…"
သူ၏လက်သီးချက်ကို ရန်သူက ရှောင်တိမ်းနိုင်မည်မဟုတ်ဟု အနက်ရောင်ဝက်ဝံကြီးတွေးနေဆဲမှာပင် သူ့လက်တစ်ဖက်လုံး သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
အနက်ရောင်ဝက်ဝံကြီး အလွန်အံ့သြတုန်လှုပ်သွား၏။
သူ မယုံကြည်နိုင်ခဲ့ပေ။ ဘာဖြစ်သွားမှန်းပင် သူ မသိခဲ့ပေ။
"အကောင်ကကြီးတော့ ကိုင်တွယ်ရ သိပ်အဆင်မပြေဘူး…"
ကျန်းလန် ပြောလိုက်၏။
ကျန်းလန်က အနက်ရောင်ဝက်ဝံကြီး၏ ဦးခေါင်းရှိရာသို့ ခုန်ဝင်လိုက်ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။
YOU ARE READING
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)
FantasyMy Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion Original Writer : Red Pepper Afraid Of Spicy Part - 558 + Extra 6 (End) Translated by Zin Pyay Fic Cover - Artist Pann Eain