Uni
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၉) (အပိုင်း - ၂)
အခန်း (၂၅၄) မိုးနဲ့မြေကိုဖန်ဆင်းခြင်း ၊ တောင်နှင့်ပင်လယ်ကြေးမုံမှန်
ကြည်လင်သည့် အဖြူရောင်တိုင်လုံးကြီးများဖြင့် ဝတ်ကျောင်းတော်ကြီးကို တည်ဆောက်ထားပြီး ကောင်းကင်၏အရိပ်သည်ပင် တိုင်လုံးများထက်တွင် ရောင်ပြန်ဟပ်နေသည်။မြူခိုးတိမ်တိုက်များက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့လွင့်နေလေသည်။
ကျန်းလန် ဝတ်ကျောင်းတော်ကြီးကို အံ့အားသင့်စွာဖြင့် မတ်တတ်ရပ်ကာ ငေးမောကြည့်နေမိသည်။
သူ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ အပြင်မှမြင်ရသည့်အသွင်သဏ္ဌန်နှင့်မတူညီဘဲ ဝတ်ကျောင်းတော်ကြီးက အလွန်ပင် ကြီးမားကျယ်ပြန့်လွန်းလှသည်။
ဝတ်ကျောင်းတော်ကြီးတစ်ခုလုံးကို တိုင်လုံးကြီး (၄)လုံးတည်းဖြင့်သာ တည်ဆောက်ထားပြီး တိုင်လုံးများထက်တွင်လည်း မျက်နှာကြက်မရှိဘဲ အပြာရောင်ကောင်းကင်ကြီးသာ တည်ရှိနေသည်။
"ဒီနေရာကို ဘာမှ သတိထားနေစရာ မလိုဘူး ၊ တောင်ထွတ်တွေက မှော်ရုံနယ်မြေတွေလိုပဲ သဘောထားလို့ရတယ် ၊ အရပ်လေးမျက်နှာ ကြိုက်တဲ့နေရာသွားလို့ရတယ် ၊ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်မားဘူးဆိုင်တော့ လမ်းပျောက်သွားတတ်တယ် ၊ လမ်းပျောက်သွားရင်တော့ ဝတ်ကျောင်းတော်အပြင်ဘက်ကို အလိုလို ပြန်ရောက်သွားလိမ့်မယ်"
ဂိုဏ်းတူအစ်ကိုတစ်ယောက်က ခန်းမဆောင်ထဲတွင် အော်ပြီး ရှင်းပြလိုက်သည်။
ထို့နောက် သူက ခန်းမဆောင်အတွင်းမှ အရှေ့ဘက်ဆီသို့ ဓားကိုစီးနှင် ထွက်ခွာသွားပြီး မကြာမီ မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားလေသည်။
"ဒီနေရာကို အခုမှ ပထမဆုံးရောက်ဖူးကြတဲ့သူတွေက မြန်မြန်မသွားကြနဲ့ ၊ လမ်းပျောက်တတ်တယ် ၊ ထူးခြားတာတစ်ခုခုကို တွေ့ပြီဆိုရင် အဲဒါကို နားလည်အောင် လေ့လာကြပါ"
ဂိုဏ်းတူအစ်မတစ်ယောက်ကလည်း အော်ဟစ်ပြောဆိုသွားသည်။
ထို့နောက် သူမသည်လည်း ကောင်းကင်ထက်သို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
YOU ARE READING
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)
FantasyMy Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion Original Writer : Red Pepper Afraid Of Spicy Part - 558 + Extra 6 (End) Translated by Zin Pyay Fic Cover - Artist Pann Eain