Book 25 Chapter 349

309 37 0
                                    

Uni

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၂၅) (အပိုင်း - ၁၃)

အခန်း (၃၄၉) လက်သီးနတ်ဘုရားကကူညီမှာလား

တစ္ဆေတိုင်းပြည်။

ကောင်းကင်ထက်တွင် တိမ်တိုက်များဖြင့် ပြည့်နေပြီး နေရာင်ခြည်ကို တွေ့မြင်ရခြင်း မရှိပေ။

ခြံဝင်းအပြင်ဘက်တွင် အမျိုးသမီးတစ်ယောက် ရှိနေပြီး သူမ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်ဟန်ဖြင့် လယ်ကွင်းများကို ကြည့်ရှုနေလေသည်။

ထိုလယ်ကွင်းများတွင် တစ္ဆေတိုင်းပြည်အတွက် ထူးခြားသည့်ကောက်ပဲသီးနှံများကို စိုက်ပျိုးထားသော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မိုးခေါင်နေခဲ့သည်။

မိုးခေါင်သောကြောင့် မြေကြီးများ ပတ်ကျားအက်စပြုလာသည်။

ယခင်အချိန်များကတော့ မိုးရေချိန် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ (၂)နှစ်လျှင်တစ်ကြိမ် မိုးရွာသွန်းလေ့ ရှိသည်။သို့သော် ပြီးခဲ့သည့်နှစ်များတွင်တော့ လုံး၀ မိုးရွာသွန်းခဲ့ခြင်း မရှိပေ။

“အမေ ၊ စိတ်မပူပါနဲ့ ၊ ကျွန်တော် အမေ့အတွက် နတ်ဆရာတစ်ယောက်ရှာပြီး မိုးရွာအောင် မန္တန်ရွတ်ခိုင်းပါ့မယ်”

ခြံဝင်းထဲမှ လူငယ်လေးတစ်ယောက်ထွက်လာပြီး ပြောလိုက်သည်။

သူ့လက်ထဲတွင် ဓားတစ်လက်နှင့် သစ်သားစတစ်စကို ကိုင်ထားပြီး လက်သီးနတ်ဘုရားရုပ်တုငယ်ကို ထွင်းထုနေသည်။

တစ္ဆေတိုင်းပြည်မှ လူများက အလွန်သန်မာကြသည်။

သို့သော် တစ္ဆေတိုင်းပြည်မှ ကျင့်စဉ်များဖြင့်  လေနှင့်မိုးကိုဆင့်ခေါ်နိုင်သူ အလွန်နည်းပါးသည်။ သူတို့က တစ္ဆေတိုင်းပြည်ပြင်ပမှ လူအများနှင့် အတော်လေး ကွာခြားသည်။

အမျိုးသမီးက…

"ထင်းတွေခုတ်ပြီးပြီလား"

"ပြီးပြီ အမေ ၊ ထင်းတွေကို သပ်သပ်ရပ်ရပ် စီထားပေးတယ် ၊ လက်သီးနတ်ဘုရားရဲ့ ရုပ်တုလည်း တစ်ဝက်လောက် ထွင်းထုပြီးနေပြီ ၊ ဒီရုပ်တုလေးပြီးရင် ပစ္စည်းကောင်းတွေနဲ့ လဲလို့ရတယ်"

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Where stories live. Discover now