Uni
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၉) (အပိုင်း - ၁၄) နောက်ဆုံးပိုင်း
အခန်း (၂၆၆) နတ်ဘုရားရာထူး
တစ္ဆေတိုင်းပြည်။အကန့်အသတ်မရှိသော အနက်ရောင် ချီစွမ်းအားများက ကြီးမားသည့် လှိုင်းတံပိုးကြီးတစ်ခုပမာ အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။
ထိုအနက်ရောင်မြူခိုးငွေ့များအလယ်တွင် လူသားမျက်နှာကြီးတစ်ခု ပါ်လာ၏။ ထိုမျက်နှာကြီးထံမှ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သံကြီးက ကောင်းကင်ထက်သို့ လျှံတက်သွားသည်။
ဒေါသထွက်ခြင်း ၊ မခံမရပ်နိုင်ခြင်း ၊ မကျေနပ်ခြင်းများဖြင့် ပြည့်နက်လျှက် ရှိသည်။
"ခွန်လွန်… မင်းက ကျုပ်ရမယ့်အခွင့်အရေးတွေကို လုယူသွားတာပဲ ၊ ကျုပ်တို့တစ္ဆေတိုင်းပြည်ရဲ့ အဆုံးမရှိတဲ့ အခွင့်အရေးတွေအားလုံးကို လုယူသွားတယ်"
"ကျုပ် သေတဲ့အထိ မင်းတို့ကို တိုက်မယ်"
"သေတဲ့အထိ တိုက်မယ်"
ထို့နောက် အနက်ရောင်ချီစွမ်းအားများက ခွန်လွန်တောင်တည်ရှိရာ အနောက်ဘက်စွန့်ပစ်နယ်မြေအလယ်ဗဟိုသို့ စုရုံးရောက်ရှိသွားလေသည်။
ထိုအနက်ရောင်ချီစွမ်းအားများအတွင်းမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များက ပြင်းထန်စွာ ထွက်ပေါ်လျှက် ရှိသည်။
***
ခွန်လွန်တောင်။
ပထမတောင်ထွတ်တွင် အဋ္ဌမမင်းသား ကျင့်ကြံနေလေသည်။
ရုတ်တရက် သူက မျက်လုံးများ ဖွင့်ကြည့်လိုက်၏။
ထူးခြားဆန်းကျယ်သည့် တစ်စုံတစ်ရာကို ခံစားလိုက်ရပြီး မိုးကုတ်စက်ဝိုင်းဆီသို့ သူ လှမ်းကြည့်လိုက်သည်။ သို့သော် သူ အသေးစိတ်ကို နားမလည်သလို သိမြင်ခြင်းလည်း မရှိပေ။
"ဒါ… ဒါ… အရင်က နတ်မိစ္ဆာတွေနယ်မြေထဲမှာ ခံစားခဲ့ရတဲ့ ခံစားချက်မျိုးပဲ"
အဋ္ဌမမင်းသား အနည်းငယ် စိုးရိမ်ပူပန်သွားသည်။ သူ အသံပင်မထွက်ရဲတော့ပေ။
YOU ARE READING
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)
FantasyMy Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion Original Writer : Red Pepper Afraid Of Spicy Part - 558 + Extra 6 (End) Translated by Zin Pyay Fic Cover - Artist Pann Eain