Book 15 Chapter 206

541 60 11
                                    

Uni

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၅) (အပိုင်း - ၁၀)

အခန်း (၂၀၆) ယောက်ဖ

ကျန်းလန် သေရည်ဆိုင်ထဲမှ ထွက်ခွာလာခဲ့သည်။

ဆိုင်အထွက်တွင် လူငယ်တစ်ယောက်နှင့် ဆုံခဲ့ရသည်။ ထိုလူငယ်မည်သူဖြစ်ကြောင်း ကျန်းလန် ချက်ချင်း မှတ်မိလိုက်၏။

အနောက်ဘက်တောင်တန်းများဆီ ခရီးထွက်စဉ်က တွေ့ဆုံခဲ့ရသည့် နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသားဆိုသူ ဖြစ်သည်။

သို့သော် လူငယ်ကိုတွေ့သည်နှင့် ကျန်းလန်က ခြေလှမ်းများရပ်တန့်လိုက်ခြင်း မရှိသလို အံ့အားသင့်ဟန်လည်း မပြခဲ့ပေ။

ထိုလူငယ်ကို ခွန်လွန်တောင်တွင်တွေ့မြင်ရသည်မှာ ထူးခြားသည့်ကိစ္စ မဟုတ်ပေ။

နဂါးမင်းသမီးတစ်ယောက်လုံး ခွန်လွန်တောင်တွင် ပညာသင်နေလေရာ နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသားနှင့် နဂါးမင်းသမီးလုန်ယွိတို့ အဆက်အသွယ်ရှိသည်မှာ ပုံမှန်ပင် ဖြစ်သည်။

ထို့ကြောင့် လုန်မန် ခွန်လွန်တေင်တွင် ရှိနေသည်မှာ အဆန်းမဟုတ်ပေ။

နဂါးမင်းသား သူ့ကိုမှတ်မိသွားရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ကြောင်း  သိရှိထားသောကြောင့် ကျန်းလန် စိတ်အေးလက်အေးဖြစ်နေခြင်း ဖြစ်သည်။

ထို့နောက် ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်၏။

ထိုစဉ်…

"အစ်ကိုကြီး… ခဏလောက်စောင့်ပါဦး…"

ကျန်းလန် အတော်ဝေးဝေးသို့ရောက်မှ အနာက်ဆီမှ ခေါ်သံ ကြားလိုက်ရသည်။

လှည့်ကြည့်လိုက်တော့ မြေပဲတစ်ထုပ်ယူကာ ပြေးလာသည့် သေရည်ဆိုင်မှ ကလေးငယ်ကို တွေ့လိုက်ရသည်။

"ရော့… အစ်ကိုကြီးအတွက်…"

ကလေးငယ်က ကျန်းလန်ထံ ပြေးလာပြီး မြေပဲထုပ်ကို ကမ်းပေးလိုက်သည်။

ကျန်းလန်က မြေပဲထုပ်ကို ယူလိုက်ရင်း…

"ကျေးဇူးပဲကွာ…"

ကလေးငယ်က လှည့်မပြန်သေးဘဲ ကျန်းလန်ရှေ့တွင် ဆက်ပြီး မတ်တတ်ရပ်နေ၏။ သူ့ကို ကြည့်ရသည်မှာ ကျန်းလန်ကို ပြောစရာစကားတစ်ခုခု ရှိနေဟန်ပင်။

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Donde viven las historias. Descúbrelo ahora