Book 27 Chapter 374

281 33 0
                                    

Uni 

အခန်း (၃၇၄) ယောက်ဖက စိတ်စွမ်းအားမြင့်မားနေမှဖြစ်မှာပေါ့

မက်မွန်တောထဲတွင်...။

ကောင်ငယ်လေးက အဋ္ဌမမင်းသားကို မကျေမနပ်ဖြင့်ကြည့်လိုက်ရင်း...

"ခင်ဗျားပြောတော့ ဒီထဲဝင်လာရင် လမ်းမပျောက်ဘူးဆို ၊ ကျွန်တော့်ကို လိမ်ပြန်ပြီလား"

ထိုနဂါးမင်းသားသည် သူ့ကို အမြဲတမ်း မဟုတ်တရုတ်များ လိမ်ပြောလေ့ရှိသည်။

သေရည်ဆိုင်သို့ ရောက်လာသည့် မင်းမျိုးမင်းနွယ်လူသားတစ်ဦးက ဟုန်ယာက ပြန်သဘောကျစေလိုလျှင် ပန်းများ လက်ဆောင်ပေးသင့်သည်ဟု အကြံပေးခဲ့သည်။ တကယ်တမ်းတွင် ထိုအကြံက ဆီလျော်မှု ရှိလှသည်။

သို့သော် ထိုနဂါးမင်းသားကတော့ ဟုန်ယာကို လှံရှည်နှင့်သာ ရိုက်ခိုင်းနေသည်။ ထို့ပြင် ဟုန်ယာကို ရိုက်နှက်ပြီး ညသန်းခေါင်ချိန် တောအုပ်ထဲဆွဲခေါ်ကာ မြေမြှုပ်ထားရန်လည်း အကြံပေးသေး၏။

သူပြောသည့်စကားများကို ကြားစဉ်က မင်းမျိုးမင်းနွယ်လူသားမှာ အတော်လေး အံ့အားသင့်သွားဟန် ရှိသည်။

အဋ္ဌမမင်းသားက...

"မင်းက ဟုန်ယာကို ပန်းပေးမယ့်ကိစ္စ စဉ်းစားနေပြန်ပြီလား ၊ မင်းကွာ... နောက်တစ်ခေါက် အဲဒီလူနဲ့ ပြန်ဆုံတော့ သူက ကျုပ်ပေးတဲ့အကြံဉာဏ်က ပြဿနာရှိတယ်လို့ မပြောပါဘူးကွာ"

ကောင်ငယ်လေးက...

"ဘယ်ပြောမလဲဗျ ၊ ခင်ဗျားက သူ့လည်ပင်းကို လှံနဲ့ထောက်ပြီး ခင်ဗျားစကားကို ထောက်ခံခိုင်းတာလေ ၊ အဲဒီလိုမဟုတ်ရင်တော့ ကျွန်တော် ယုံချင်ယုံမှာပေါ့"

ထို့နောက် သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရင်း...

"အစ်ကိုကြီး ဒီနေ့ အိမ်မှာ မရှိဘူးလား မသိဘူး"

အဋ္ဌမမင်းသားက...

"သူ တံခါးပိတ်ကျင့်ကြံနေမှာပေါ့ ၊ ဒါပေမဲ့ ယောက်ဖမရှိလဲ ကျုပ်တို့ ခြံဝင်းထဲ ဝင်လို့ရပါတယ်ကွာ ၊ မင်းက မြေပဲထုပ် တကူးတက လက်ဆောင်လာပေးတာပဲမဟုတ်လား"

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Where stories live. Discover now