Uni
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၂၁) (အပိုင်း - ၆)
အခန်း (၂၈၆) မိဘခေါ်ကာ အတိုင်ခံလိုက်ရသည့်အလား
ကျန်းလန် ပကတိအခြေအနေတွင် ရှိနေသည်။သူက မှန်သားပြင်တစ်ခုထက်တွင် မတ်တတ်ရပ်နေသည့်အလား ဖြစ်သည်။ သူ့ပတ်ဝန်းကျင်တွင် များပြားလှစွာသော တောတောင်ရေမြေများကို တွေ့မြင်နေရသည်။
တစ်ချိန်တည်းမှာပင် မိုးနဲ့မြေတာအိုတရားကို နားလည်မှုအသစ်ဖြင့် နားလည်လာသည်။
လောကကြီးကို မတူညီသည့် ရှုထောင့်တစ်ခုမှ ကြည့်မြင်နေရသည့်ပမာ မဟာတာအို၏ သွေးကြောများအားလုံးက လေထုထဲတွင် ကွန်ယက်ပမာ တည်ဆောက်ထားဟန် ရှိသည်။
ထိုအရာက ကမ္ဘာလောကကြီး၏ အစ ဖြစ်သည်။ အရာအားလုံး၏ မိခင် ဖြစ်သည်။
ထိုအရာ မည်သို့ အလုပ်လုပ်သည်ကို ကျန်းလန် တွေ့မြင်ချင်ခဲ့သည်။ ကမ္ဘာလောကကြီး၏ လုပ်ဆောင်ချက်များကို သိရှိနားလည်လိုသည်မှာ လူတစ်ယောက်အတွက် သာမာန်ပင် ဖြစ်သည်။
ထိုနေရာက စကားလုံးဖြင့် ဖော်ပြရန်ပင် မတတ်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကျယ်လွန်းလှသည်။
"ဘုန်း"
ထိုခဏမှာပင် သူ့ပတ်ဝန်းကျင်မှ လောကတစ်ခုလုံး ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားပြီး မိုးနှင့်မြေ၏ အံ့သြဖွယ်ရာ ဖြစ်ရပ်များ သူ့ပတ်ပတ်လည်တွင် ထွက်ပေါ်လာသည်။
သူ လေထုထဲတွင် မတ်တတ်ရပ်လျှက်ရှိပြီး မဟာတာအိုသည် တွင်းနက်ကြီးတစ်ခုအလား တစ်စတစ်စ ကျယ်ပြန့်ချဲ့ထွက်လာသည်ကို တွေ့မြင်နေရသည်။
လက်ရှိ သူ့အနေဖြင့် နားလည်နိုင်စွမ်းမရှိသည့် တစ်စုံတစ်ရာပင် ဖြစ်သည်။ သို့သော် ကျန်းလန် အရာအားလုံးကို မှတ်မိသိရှိနေလေသည်။
အချိန်က ဖျတ်ခနဲပင် ကုန်ဆုံးသွား၏။
အရာအားလုံး ပြန်လည်ပြောင်းလဲသွားပြီးနောက် မိုးနှင့်မြေ၏ အံဖွယ်ဖြစ်ရပ်များမှာလည်း တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားသည်။
ŞİMDİ OKUDUĞUN
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)
FantastikMy Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion Original Writer : Red Pepper Afraid Of Spicy Part - 558 + Extra 6 (End) Translated by Zin Pyay Fic Cover - Artist Pann Eain