Book 28 Chapter 380

317 38 0
                                    

Uni

အခန်း (၃၈၀) ဆရာဒေါ်လေးမြောင်ယွဲ့က ဘယ်သူ့ကိုသဘောကျတာလဲ

စကားပြောပြီးသွားသည်နှင့် ချန်ရှီက လက်ဖက်ရည်ကြမ်းတစ်ခွက်ငှဲ့လိုက်ပြီး တစ်ငုံမျှသောက်လိုက်သည်။ ထို့နောက် သူမက မည်သည့်စကားမှ မဆိုတော့ဘဲ ကျန်းလန်ကို အကဲခတ်နေ၏။

သူမပြောသည့်စကားများကို ကျန်းလန် နားလည်အောင်တွေးတောနိုင်စေရန်အတွက် အချိန်ပေးစောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သို့မှသာ သူတို့ ရှေ့ဆက်စကားပြောရဆိုရ ပိုမိုလွယ်ကူပေလိမ့်မည်။

ကျန်းလန်ကတော့ မျက်ခုံးများတွန့်ချိုးထားပြီး အလေးအနက် စဉ်းစားလျှက် ရှိသည်။

ပါရမီ ရှိခြင်း မရှိခြင်းဆိုသည့် အဟန့်အတားကို သူက ချိုးဖျက်နိုင်ပါမည်လား။ အရင်ကဆိုလျှင် သူက ပါရမီရှင်မဟုတ်သည့်အတွက် ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာ အဆင့်မတက်နိုင်ခဲ့ပေ။

အမှန်တော့ သူက မူလဝိညာဉ်အဆင့်သို့ တက်ရောက်ရန် ပြင်ပအကူအညီကို ရယူခဲ့ရပြီး အင်မော်တယ်ဖြစ်လာရန်လည်း ခက်ခဲသူတစ်ယောက် ဖြစ်သည်။

သေရည်ဆိုင်အနောက်ဘက်တွင် အင်မော်တယ်တံခါးကို ရှာဖွေစဉ်ကလည်း သူ ကျရှုံးခဲ့ရသည်။

အဆုံးသတ်တွင် သူ အင်မော်တယ်အဖြစ် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ခြင်းမှာ ဆရာဖြစ်သူ ပေးအပ်ခဲ့သည့် နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကြောင့်သာ ဖြစ်သည်။

ထိုတန်ခိုးစွမ်းအားကြောင့် ကံကောင်းခဲ့ရပြီး စနစ်မှတ်ပုံတင်ရာတွင် မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို နောက်တစ်ကြိမ် ထပ်မံရရှိခဲ့သည်။ ထို့ကြောင့် လူသားအင်မော်တယ်အဆင့်သို့ အောင်မြင်စွာ အဆင့်တက်ရောက်နိုင်ခဲ့သည်။

ထို့နောက်တွင်တော့ သူ၏ ကျင့်ကြံခြင်းက အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။

ပါရမီ ရှိခြင်း မရှိခြင်းဆိုသည့် အဟန့်အတားများက သူ့ကို တားဆီးနိုင်ခြင်း မရှိတော့ပေ။ ကျင့်ကြံခြင်းအဆင့်တက်ရာတွင်လည်း ပြင်ပစွမ်းအားများ၏ အကူအညီရယူရန် မလိုအပ်တော့ပေ။

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ