Uni
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၅) (အပိုင်း - ၁၄)
အခန်း (၂၁၀) အစစ်အမှန်အင်မော်တယ်တစ်ပါးကို သတ်ဖြတ်ခြင်း
ကျန်းလန်၏ပုံစံက ဝူမူနှင့် ဝူလျဲ့တို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ထို့ပြင် တစ်ဖက်လူ၏ တန်ခိုးစွမ်းအားက အံ့အားသင့်စရာ ကောင်းလှသည်။ သူက သာမန် အစစ်အမှန်အင်မော်တယ်တစ်ပါး မဟုတ်ပေ။
ထိုသူ ရောက်ရှိလာခြင်းက အလွန်ပြင်းထန်ပြီး အန္တရာယ်များကြောင့် သူတို့ သိရှိလိုက်ကြသည်။
ထိုအချိန်တွင် ဝူမူက ရှေးဟောင်းရေတွင်းကို ဆက်လက်ထိန်းချုပ်ထားသည်။
သူက စိတ်အာရုံပျံ့လွင့်၍ မဖြစ်လေရာ ကျန်းလန်နှင့် ဆက်သွယ်ပြောဆိုပြီး အာရုံလွှဲရန်မှတစ်ပါး အခြားရွေးခြယ်စရာ မရှိပေ။
"တာအိုရောင်းရင်း… မင်း ကျုပ်တို့ကိုတိုက်ခိုက်တာ အကြောင်းတော့ရှိရမယ် မဟုတ်လား ၊ အဲဒီအကြောင်းအရာကို ပြောပြနိုင်မလား ၊ ဒါဆို ကျုပ်တို့ နှစ်ဦးနှစ်ဖက် အကျိုးရှိတာမျိုး ဆွေးနွေးလို့ရပါတယ်… ၊ အဖြေရှာလို့မရတဲ့ ပြဿနာဆိုတာ မရှိပါဘူး… သေချာပေါက် နည်းလမ်းရှာလို့ရပါတယ်…"
ကျန်းလန် မျက်ခုံးများကို တွန့်ချိုးလိုက်သည်။
ရန်သူက ပတ်ဝန်းကျင်တစ်ခုလုံးတွင် အစီအရင်များစွာ ပြုလုပ်ထားဟန် ရှိသည်။
သို့ပေသိ ဤသည်က ဒုတိယ ဖြစ်သည်။
ပိုပြီး အရေးကြီးသည်မှာ ရှေးဟောင်းရေတွင်းကြီးတွင် အကာအကွယ်အရံအတားတစ်ခု ရှိနေခြင်း ဖြစ်၏။
ကျန်းလန် အမှန်တရားမျက်လုံးကို ထုတ်ဖော်ကြည့်လိုက်ပြီး တိုက်ခိုက်ရမည့် အသင့်တော်ဆုံး ချက်ကောင်းနေရာကို ရှာဖွေလိုက်သည်။
ကျန်းလန်က…
"ဘာလို့ အကြောင်းပြချက်ရှိရမှာလဲ…"
ရန်သူက ကျန်းလန်ကို အချိန်ဆွဲရန် ကြိုးစားနေခြင်း ဖြစ်ပြီး ကျန်းလန်သည်လည်း အချိန်လိုအပ်လေသည်။
YOU ARE READING
နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)
FantasyMy Girlfriend From Turquoise Pond Requests My Help After My Millennium Seclusion Original Writer : Red Pepper Afraid Of Spicy Part - 558 + Extra 6 (End) Translated by Zin Pyay Fic Cover - Artist Pann Eain